ကလိမ်စေ့ငြမ်းဆင်၊ ဘုရားပြီးငြမ်းဖျက် မဖြစ်စေလိုပါ 

သတင်းဆောင်းပါး - မိုးမြင့် 

ပကတိဖြစ်ရပ်မှန်တွေနဲ့ဝေးကွာပြီးမှ တရားမဝင် သတင်းအချက်အလက်အမှားတွေအပေါ်မှာ အခြေခံ ပြီး ချဉ်းကပ်တောင်းဆိုမှုမျိုး၊  တွေ့ဆုံဆွေးနွေးမှုမျိုး တွေဟာ ပြီးပြည့်စုံတဲ့အဖြေမှန်ရဖို့  ခဲယဉ်းနိုင်ပါ တယ်၊ အပြုသဘောရလဒ်ကောင်းတွေ  ထွက်ပေါ် ဖို့လည်း အလှမ်းကွာဝေးနိုင်ပါတယ်ဆိုတဲ့  သဘော တရားတစ်ခုကို  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ်          မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်    စင်ကာပူနိုင်ငံသူ    လူမှုဗေဒပညာရှင် မစ္စနိုလင်းဟေဇာရဲ့  ခရီးစဉ်က   သာဓကဆောင်ခဲ့ ပြန်ပါပြီ။  

ရေရှည်လက်တွဲဆောင်ရွက်ဖို့အရေး မထိခိုက်စေလိုပါ 

 အမှန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ မစ္စနိုလင်းဟေဇာတို့  တွေ့ဆုံဆွေးနွေးစဉ်မှာကတည်းကိုက မြန်မာနိုင်ငံနဲ့ UN အကြားမှာ  ရေရှည်လက်တွဲဆောင်ရွက်ကြဖို့၊ သတင်းရလဒ်တွေနဲ့ ပတ်သက်လာရင်  နှစ်ဖက် ထိန်းထိန်းသိမ်းသိမ်း   ထုတ်ပြန်ဆောင်ရွက်ကြဖို့ သဘောတူကြပြီးသားပါ။    မြန်မာနိုင်ငံအရေးက အကဲဆတ်တယ်ဆိုတာ မြန်မာနိုင်ငံအရေး ကြားဝင် လိုသူတိုင်းသိဖို့  လိုပါတယ်။  နိုင်ငံတကာကရော  မြန်မာပြည်သူတွေကပါ   အထင်အမြင်လွဲမှားခံလို့ မရပါဘူး။ 

ဒီအချက်ကို  မစ္စနိုလင်းဟေဇာတစ်ယောက် ကောင်းကောင်သဘောပေါက်ပုံ    မရတာလား၊ တမင်တကာပဲ အဖျက်သဘောဆောင်တာလားမသိ၊  မြန်မာနိုင်ငံရဲ့  မျက်ကွယ်ရောက်တာနဲ့  ထင်ရာ မြင်ရာ အစွဲတွေနဲ့ တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ  ထုတ်ပြန်ပါလေရော။  ဒါကြောင့်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့  သတင်းထုတ်ပြန်ရေး အဖွဲ့က  နိုင်ငံတကာနဲ့ ပြည်သူတွေ အထင်အမြင် မမှားအောင် အပြုသဘောပြန်လည်ပြီး ချက်ချင်း တုံ့ပြန်သတင်းထုတ်ပြန်ခဲ့ရတာကို   တွေ့မြင်ရပါ တော့တယ်။ 

ကျွန်တော်  မှတ်မိသလောက်တော့ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး  လာရောက်ခဲ့ကြတဲ့  ကုလ၊ လူ့အခွင့်အရေး၊ အာဆီယံ စသဖြင့်ခေါင်းစဉ်အမျိုးမျိုး နဲ့ ကိုယ်စားလှယ်အများစုဟာ ရှေ့တစ်မျိုး၊ ကွယ်ရာ တစ်မျိုး   သဘောထားလွဲမှားထုတ်ပြန်လေ့ရှိကြ တာကို အကြိမ်ကြိမ်သတိထားမိပါတယ်။  အခု တစ်ကြိမ်မှာလည်း   ထိုနည်းလည်းကောင်းပါပဲ။ တကယ်တော့လည်း မစ္စနိုလင်းဟေဇာဟာ ၂၀၀၀  ပြည့်နှစ်ကတည်းက   မြန်မာနိုင်ငံနဲ့   စိမ်းခဲ့တာ မဟုတ်ပါဘူး၊   ရင်းနှီးကျွမ်းဝင်တဲ့သဘောအထိ တောင်   သတ်မှတ်ထားကြလို့    မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးအခက်အခဲတွေအတွက် မြန်မာပြည်သူ တွေအနေနဲ့   မျှော်လင့်ချက်တချို့   သူ့အပေါ်မှာ ရှိခဲ့ကြမှာ အမှန်ပါပဲ။ 

အခြေအနေမှန်ကို နှိုင်းယှဉ်လေ့လာသုံးသပ်သင့် 

သို့ပေမဲ့   မြန်မာနိုင်ငံရဲ့   အခြေအနေမှန်ကို ကောင်းစွာသိရှိနားလည်ခြင်းမရှိသေးတဲ့ UN နဲ့ UN ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရဲ့  တည်ငြိမ်မှု အနေအထားကို  ကမ္ဘာ့နိုင်ငံအချို့နဲ့  နှိုင်းယှဉ်ပြီး လေ့လာသုံးသပ်ထားသင့်တယ်လို့ ယူဆမိပါတယ်။ ရန်ကုန်ကနေ နေပြည်တော်အထိ ရောက်ရှိလာတဲ့ မြေပြင်အခြေအနေနဲ့တကွ သူတို့ယခင်သိရှိထားတဲ့ အခြေအနေတွေကို         နှိုင်းယှဉ်နိုင်ရပါမယ်။ မျက်မှောက်ကာလကမ္ဘာကြီးဟာ လုံးဝမငြိမ်းချမ်း ပါဘူး။ စစ်မက်တွေ၊  ရောဂါထူပြောမှုတွေ၊ အစုလိုက် အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတွေ၊  ဗုံးကွဲမှုတွေ၊  အငတ်ဘေးတွေ အများကြီးရင်ဆိုင်နေရပါတယ်။ 

ကိုယ့်နိုင်ငံအတွင်းမှာလည်း    စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ  မရှိတာမဟုတ်ပါဘူး၊  ရှိပါတယ်။ ဒါပေမဲ့  လက်ရှိကိုဗစ်အခြေအနေကအစ နှိုင်းယှဉ် ပြီး သုံးသပ်ရမယ့်အနေအထား  များစွာရှိနေပါသေး တယ်။ ဒါကို ထပ်တလဲလဲ  အခြားသော  ဆိုးဆိုး ရွားရွား နိုင်ငံတွေထက် မိမိနိုင်ငံကိုမှ  ပိုပြီးစိုးရိမ် ပူပန်ပြနေတဲ့ အဖွဲ့အစည်းတွေအပေါ်မှာ   မိမိတို့ နားလည်လို့မရဘူးဆိုရင်    ဒါကိုလွန်တယ်လို့ကို ပြောလို့မရပါဘူး။ 

လူ့အခွင့်အရေးအခြေခံအချက်များကိုလည်း မမေ့သင့်ပါ 

ထို့ပြင်    အပြစ်မဲ့ပြည်သူ  ၃၅၀၀   ခန့်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက် ခဲ့တဲ့ အကြမ်းဖက်သမားတွေကို  ထိုက်သင့်ပြင်းထန် တဲ့ ပြစ်ဒဏ်တွေ ချမှတ်စီရင်တဲ့ကိစ္စနဲ့ ကြီးလေးတဲ့ အမှုတွေကျူးလွန်လို့ ပြစ်ဒဏ်ကျခံထားရတဲ့သူတွေ ကို   ပြန်လွှတ်ပေးဖို့   တောင်းဆိုချက်တွေအပေါ် မှာတော့  ပြစ်ဒဏ်တွေကို အတတ်နိုင်ဆုံး လျှော့ပေါ့ ပေးထားပြီး မစ္စနိုလင်းဟေဇာအနေနဲ့ မိမိမိသားစု၊   မိမိဆွေမျိုးသားချင်း‌တွေ        ဖြစ်ခဲ့ရင်ရောဆိုတဲ့ ကိုယ်ချင်းစာ စာနာသနားတတ်ဖို့နဲ့ နှစ်သိမ့်တတ်ဖို့  လိုအပ်ကြောင်းကို ဝန်ကြီးချုပ်ဘက်က အမြင်သာ ဆုံးထောက်ပြပေးခဲ့တာ တွေ့ရပါတယ်။ 

လူ့အခွင့်အရေးနဲ့       လူသားချင်းစာနာ ထောက်ထားမှုကို အမွှမ်းတင်အလေးထားသူတွေ အနေနဲ့ လူတိုင်းမှာ အသက်ရှင်သန်ခွင့်၊  လွတ်လပ် ခွင့်ပေးဖို့နဲ့ လုံခြုံခွင့်ရဖို့၊ မည်သူ့ကိုမှ မညှဉ်းပန်း မနှိပ်စက်ဖို့၊   ဂုဏ်သိက္ခာညှိုးနွမ်းအောင်မလုပ်ဖို့  စတဲ့လူ့အခွင့်အရေး အခြေခံအချက်တွေလောက် တော့ မမေ့သင့်ဘူးလို့ ယူဆမိပါတယ်။ 

ပညာရှင်ဆန်ဆန်သုံးသပ်ဆင်ခြင်စေလို 

ကိုယ်စားလှယ်ကြီး  နောက်ထပ်မှားယွင်းစွာ အသိအမှတ်ပြုနေတဲ့ကိစ္စတွေ  ရှိနေပါ‌သေးတယ်။  “မြန်မာနိုင်ငံမှာ  အကြမ်းဖက်မှုတွေကို   နှစ်ဖက် စလုံးက  လုပ်နေကြတယ်၊   နေရာဒေသအချို့မှာ  ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတယ်၊ ပြည်သူတွေနေတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်”ဆိုတဲ့ စွပ်စွဲချက် တွေပါပဲ၊၊ 

စကားလုံးတွေကို သတိထားကြည့်ရင် ဗုံးကြဲ တယ်ဆိုတာမှာတော့     အကြမ်းဖက်တွေကိုသာ တိုက်ခိုက်တာကို ထည့်မပြောဘဲ မီးရှို့ခံရာမှာတော့ ပြည်သူတွေဆိုတဲ့ အသုံးအနှုန်းသုံးထားတာ တွေ့ရပါ လိမ့်မယ်။ သူတို့ကိုယ်တိုင်နားလည်မှု လွဲနေတယ် ဆိုတာ အထင်အရှားပါပဲ။  ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ်ရပ်စဲပေးထားပြီး     ငြိမ်းချမ်းရေးကို အဆက်မပြတ်ဖိတ်ခေါ်နေတဲ့     တပ်မတော်ဟာ ကိုယ့်ဆီလာမတိုက်ဘဲနဲ့တော့      အကြောင်းမဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး၊ ကိုယ်တာဝန်ခံထားရတဲ့ ကိုယ့်ပြည်သူတွေအပေါ်မှာ ရေဘေး၊  လေဘေးက အစ ဒုက္ခကြုံတိုင်းမှာ  မားမားမတ်မတ်   ပြည်သူ့ ဘက်က  ရပ်တည်ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့ အစည်းတွေဟာ  ကိုယ့်ပြည်သူတွေ   ဒုက္ခဆင်းရဲ ရောက်အောင် သူတို့နေထိုင်ရာအိမ်တွေကို  မီးရှို့ ဖျက်ဆီးတယ်ဆိုတဲ့အချက်ဟာ ဖြစ်နိုင်/  မဖြစ်နိုင် ပညာရှင်ဆန်ဆန် သုံးသပ်ဆင်ခြင်စေလိုပါတယ်။ 

သုံးသပ်ရရင်တော့     မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကြားဝင်ဝင်ရောက်လာတဲ့  ကိုယ်စား လှယ်တိုင်းဟာ မြန်မာနိုင်ငံအရေးအရာတွေအပေါ် မှာ  ကောင်းကောင်းနားလည်ပုံ    မရကြပါဘူး။ လာကတည်းကလည်း  အရိပ်မည်းကြီးတွေအောက်မှာ ရည်ရွယ်ချက်က မှန်ကန်ပုံမရပါဘူး။ ပြဿနာကို အဖြေရှာဖြေရှင်းဖို့ထက် ကိုယ်လိုရာဆွဲပြီး ပြဿနာ ကို ပိုကျယ်ပြန့်သွားအောင်  ရည်ရွယ်ထားသလား အထိ  တွေးမိပါတယ်။  မြန်မာပြည်သူအားလုံးကို ကိုယ်စားပြုဖို့ထက်   ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပေါ်မှာပဲ တွေ့ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံ အကျပ် အတည်း‌တွေ ပြေလည်သွားတော့မယောင်ယောင်  နိုင်ငံရေးအကျဉ်းသားဆိုတာဘယ်လို၊ အကြမ်းဖက် သမားဆိုတာဘယ်လိုဆိုတာ    သိသိကြီးနဲ့လည်း မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်နေမှတော့ ပြေလည်ရေးလမ်းစဆိုတာ  ရှာနိုင်ဖို့ခက်‌နေဦးမှာ ဖြစ်ပါတယ်။ 

အခုတစ်ကြိမ်    တွေ့ဆုံဆွေးနွေးမှုမှာတော့ ကိုယ်စားလှယ် မစ္စနိုလင်းဟေဇာရဲ့ အပြုသဘော အဆိုပြုချက်တွေနဲ့ အကောင်းမြင်ပြောဆိုမှုအချို့ အပါအဝင် မြန်မာနိုင်ငံဘက်က တုံ့ပြန်ဆွေးနွေးမှု တွေအပေါ် အားရကျေနပ်မိပါတယ်။  တစ်ဖက်သတ် အထင်အမြင်သေးနေတဲ့    နိုင်ငံတွေအပေါ်မှာ မြန်မာနိုင်ငံဟာ   အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဆိုတာ    ထင်ထင်ရှားရှားပြသနိုင်ခဲ့တာ တွေ့ရပါတယ်။  နိုင်ငံပြင်ပရောက်မှ   လိုရာဆွဲယူ တစ်ဖက်သတ် ထုတ်ပြန်ချက်အပေါ်မှာ  ဆွေးနွေး ခဲ့တဲ့ အချက်အလက် အသေးစိတ်ကို အချိန်မဆိုင်း  ချက်ချင်းထုတ်ပြန်နိုင်ခဲ့တာမျိုးက   ဂုဏ်ယူစရာ ဖြစ်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက် တွေဟာ ပိုပြီးပွင့်လင်းမြင်သာမှု ရှိခဲ့တယ်လို့လည်း သုံးသပ်နိုင်ပါတယ်။          
ဆွေးနွေးချက်တွေအားလုံးဟာ  အကူအညီ လုံးဝသို့မဟုတ် ဘာမှမည်မည်ရရမပေးရဘဲ ဖိအား ချည်းသာပေးနေတဲ့ UN အနေနဲ့ရော၊  အာဆီယံ အနေနဲ့ပါ အလေးအနက်ထားရမယ့် ကိစ္စရပ်တွေ ဖြစ်နေတာကို သတိပြုရမှာဖြစ်ပါတယ်။ မိမိနိုင်ငံ အပေါ်  အကောင်းမမြင်နိုင်တဲ့  နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့  အခြေအနေတွေအပေါ်  “ဘာတွေ ကိုတော့  မသိဘူး၊  မမြင်ဘူး၊  ဘာတွေကိုတော့ မသိချင်ယောင် ၊ မမြင်ချင်ယောင်ဆောင်နေတယ်”၊ “ဘယ်သူတွေကတော့  ဥပဒေအတိုင်းဆောင်ရွက်နေ တယ်၊   ဘယ်သူတွေကတော့   ဥပဒေအတိုင်း မဆောင်ရွက်ခဲ့လို့ ယခုလိုအခြေအနေမျိုးရောက်နေ ရတယ်”စသဖြင့် မြန်မာဘက်က ပွင့်ပွင့်လင်းလင်း ထောက်ပြနိုင်ခဲ့တာကို တွေ့ရပါတယ်။


အနောက်နိုင်ငံတွေက   ကမ္ဘာ့နိုင်ငံရေးမှာ ကျင့်သုံးနေတဲ့ double standard စံနှုန်း နှစ်မျိုး မူဝါဒမျိုး ကုလအထူးကိုယ်စားလှယ်ရဲ့ ဆွေးနွေး ချက်တွေမှာ မကြာခဏတွေ့ရပါတယ်။ မြန်မာနိုင်ငံ ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်ပါ တယ်လို့ တစ်ဖက်က အသိအမှတ်ပြုပြောကြားနေ ပေမယ့် အခြားတစ်ဖက်မှာတော့ ဝင်ရောက်စွက်ဖက်တဲ့  သဘောမျိုးပြုမူနေတာတွေ၊  အကျပ်ကိုင်  ဖိအား ပေးခြင်းမျိုးဆန်ဆန်  တောင်းဆိုချက်တွေနဲ့အတူ  လိုက်လျောမက်လုံးပေးခြင်းမျိုးတွေက   ဥပမာ ဖြစ်ပါတယ်။
 သတင်းထုတ်ပြန်ကြေညာချက်အရ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့   ပြန်လည်ဆွေးနွေးချက်တွေကို လေ့လာရင် ထိထိမိမိနဲ့ ထိန်းထိန်းသိမ်းသိမ်းရှင်းပြ သွားတာ  သတိထားမိပါတယ်။ မြန်မာပြည်သူတွေ အနေနဲ့လည်း  အခုထက်ပိုပြီး ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း သိနားလည်ထားသင့်ပါတယ်။  ဥပမာ- အကြမ်းဖက်မှုတွေအတွက်  သေဒဏ်ပေးတဲ့ ကိစ္စ၊ ဖမ်းမိချိန်မှာ လက်နက်ခဲယမ်းအမြောက်အမြား နဲ့ လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အထောက်အထား တွေ၊   ကိုယ်တိုင်ဝန်ခံချက်တွေအရ    ထိုအချက် တွေဟာ အဘယ်သို့သော  ယဉ်ကျေးတဲ့လူ့အသိုင်း အဝိုင်းကမှ လက်ခံလို့မရတဲ့ကိစ္စမျိုးတွေဖြစ် ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ 

နောက်ဆွေးနွေးချက်  အတော်များများမှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့     ပြန်လည်ဆွေးနွေးချက် တွေကို မစ္စနိုလင်းဟေဇာအနေနဲ့ ပြန်လည်ချေပ တာမျိုး၊    ပြန်လည်ဆွေးနွေး   တုံ့ပြန်တာမျိုး‌ များများစားစားမတွေ့ခဲ့ရပါဘူး။  ဥပမာ-  မြန်မာ နိုင်ငံမှာ ကိုဗစ်ကပ်နဲ့ မြန်မာပြည်သူတွေ  အကြီး အကျယ်ဒုက္ခရောက်ချိန်မှာ “ ဆင်းရဲချမ်းသာမရွေး ခွဲခြားမှုမရှိ၊ မည်သူမှ မကျန်စေရ” ဆိုတဲ့  ကြွေးကြော် မှုကို လျစ်လျူရှုပြီး UN နဲ့ WHO က မြန်မာပြည်  သူတွေအပေါ် ဘာတစ်ခုမှ အကူအညီမပေးခဲ့ပါဘူး ဆိုတဲ့ ဆွေးနွေးချက်အပေါ်မှာ သူ့အနေနဲ့ ပြန်လည် ဆွေးနွေးတာမျိုးမရှိခဲ့ခြင်းက UN ကိုယ်စား သွယ်ဝိုက် ဝန်ခံခြင်းတစ်မျိုးလားဟု ထင်မြင်စရာရှိပါတယ်။  တစ်ဆက်တည်း ကိုဗစ်အကူအညီနဲ့ ဆက်စပ်ပြီး အကျိုးလိုလားသူနဲ့ မလိုလားသူ၊  မိတ်ဆွေအစစ်နဲ့ မိတ်ဆွေမပီသသူ ခွဲခြားပြီး နိုင်ငံတကာနဲ့ မြန်မာ ပြည်သူတွေအပေါ်မှာ    ရှင်းလင်းပြခွင့်ကိုလည်း ရယူခဲ့ပါသေးတယ်။
 
အရေးကြီးဆုံးက  မြန်မာပြည်သူတွေဟာ ပြည်ပက ဘယ်လိုဖိအားပေးမှုမျိုးမှ လက်မခံဘူး ဆိုတဲ့အချက်ပါပဲ၊၊ သို့ပေမဲ့ တောင်းဆိုချက်မှန်သမျှ  လျစ်လျူရှု  ပယ်ချနေတာမျိုးလည်း  မဟုတ်ပြန်ပါ ဘူး။ ကိုယ့်အမျိုးသားအကျိုးစီးပွားကို အခြေခံပြီးမိမိပြည်တွင်းရေးအခြေအနေအရ  မိမိပြည်တွင်း အင်အားကိုပဲ   ယုံကြည်အားကိုးကာ   အိမ်နီးချင်း နိုင်ငံတွေနဲ့ အပြုသဘောဆက်ဆံရေးအပါအဝင်  ဥပဒေဘောင်အတွင်းကနေ အပေးအယူ မျှမျှတတ နဲ့ အခြားတစ်ဖက်က  လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးမှ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တာ တွေကို လုပ်ပေးသွားမယ်ဆိုတဲ့ အချို့ကတိကဝတ် တွေကိုလည်း ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 
တကယ်တော့       မစ္စနိုလင်းဟေဇာဟာ      ကုလအတွင်းရေးမှူးချုပ်ရဲ့       အထူးကိုယ်စားလှယ် တစ်ဦးအဖြစ်  မြန်မာနိုင်ငံမှာ  ပြောသမျှ၊  ဆိုသမျှ၊ ဆွေးနွေးသမျှ တစ်လုံးမကျန် ပြန်လည်အစီရင်ခံ သတင်းပို့တင်ပြရသူတစ်ဦးအဖြစ်နဲ့သာ    ပုံဖော် နေတာဖြစ်ပါတယ်။    ဒါပေမဲ့   မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့  မျှော်လင့်ချက်တွေအတွက် မြန်မာနိုင်ငံနဲ့ UN အဖွဲ့ကြီးကြားမှာ စေ့စပ်ညှိနှိုင်း ခြင်းသ‌ဘောကို    ခံစားနားလည်ပြီး   ကျွမ်းကျွမ်း ကျင်ကျင်နဲ့   ညှိနှိုင်းနိုင်သူတစ်ဦးအဖြစ်   မြန်မာ ပြည်သူတွေက ထင်မြင်လာအောင် သူကိုယ်တိုင်က စေတနာပါပါနဲ့   စေ့စပ်ညှိနှိုင်းပေးသင့်တယ်လို့ လည်း ထင်မြင်မိပါတယ်။ 

တကယ်တော့  မြန်မာနိုင်ငံကို  ဖိအားပေးတဲ့ နည်းဗျူဟာက အလုပ်မဖြစ်ပါဘူး၊  တစ်ဖက်က  အပြုသဘောဆွေးနွေးချက်တွေအပေါ်မှာ ဈေးဆစ် ရခက်တဲ့တောင်းဆိုမှုတွေနဲ့သာဆိုရင် ကုလသမဂ္ဂ ရဲ့ လိုလားချက်ဖြစ်တဲ့ အကြမ်းဖက်မှုတားဆီးရေး၊ နောက်ထပ်ပဋိပက္ခတွေ        ထပ်မဖြစ်ရေးဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းဝေးသွားနိုင်တယ် ဆိုတာ သတိချပ်ဖို့လည်း လိုပါတယ်။ 

အချုပ်အားဖြင့်တော့ ကုလသမဂ္ဂအပါအဝင် အာဆီယံအနေနဲ့ပါ  မြန်မာနိုင်ငံရဲ့  သဘောထား အမှန်ကို ထင်ဟပ်တဲ့  သတင်းထုတ်ပြန်ချက်တွေကိုလေ့လာပြီး အခြေအနေမှန်တွေကို   ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ကာ အမှန်တရားဘက်က ရပ်တည် ပေးစေလိုတဲ့ ဆန္ဒအမှန်ကိုသာ  ထားရှိသင့်ကြပါ တယ်။ သို့မှသာ  နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကို   အလေးအနက်တန်ဖိုးထားရာ   လေးစားရာ  ရောက်မည်ဖြစ်ပါကြောင်း အပြုသဘောရေးသား လိုက်ရပါတယ်။        ။