ကလိန်အောင်မြို့၌ (၂၂)ဘီးနောက်တွဲ ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်း ချောက်အတွင်း ထိုးကျမှုဖြစ်ပွား

ကလိန်အောင် ၉ မတ်

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၇၈/၆ မိုင်အနီးတွင် မတ် ၈ ရက် ည ၉ နာရီခန့်က ဒီဇယ်ဆီတင်ဆောင်လာသော (၂၂)ဘီးနောက်တွဲ ဆီဘောက်ဆာယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်း ပေ(၂၀)ကျော်ခန့်နက်သည့် ချောက်အတွင်း ထိုးစိုက်ကျသွားကြောင်း သိရသည်။

 

1060

 

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ကလိန်အောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ (Petro And Trans) ကုမ္ပဏီ(လှိုင်မြို့နယ်)မှ ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း၊ ထားဝယ်မီးလင်းရေး)သို့ ပို့ဆောင်ရန် ယာဉ်မောင်း လင်းနိုင်စိုး (၃၉)နှစ် မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့နေသူ မောင်နှင်ပြီး ယာဉ်နောက်လိုက် လင်းလင်းထွန်း (၂၉)နှစ် ရှမ်းတဲစံပြကျေးရွာ၊ မိတ္ထီလာမြို့နေ လိုက်ပါလာသည့် ဒီဇယ်ဂါလံ(၈၀ဝ၀)ဆံ့ ဆီဘောက်ဆာယာဉ်(ဆီများပါ) (၂၂)ဘီးနောက်တွဲယာဉ်သည် ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၇၈/၆ မိုင်အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်ခြမ်း ပေ (၂၀)ကျော်ခန့်နက်သည့် ချောက်အတွင်း ထိုးစိုက်ကျသွားပြီး ကားဦးခေါင်းမှာ ချောက်အတွင်း ထိုးစိုက် ချောက်နှုတ်ခမ်းတွင် ကားတင်လျက် ဖင်ထောင်သွားကြောင်း သိရသည်။

 

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း လင်းနိုင်စိုးအား ကလိန်အောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

(ပြန်/ဆက်)