ကလိန်အောင်မြို့၌ ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်၊ တစ်ဦးသေဆုံး

ကလိန်အောင်  ၃၀  ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၃၂)အနီးတွင် ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ယာဉ်မောင်း ခင်ဇော်ဦး (၄၀)နှစ် မောင်းနှင်လာသော 3M/---- Toyota Classic အမျိုးအစား အံစာတုံးယာဉ်သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က မိုးရွာသွန်းမှုကြောင့်လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ တံတားအုတ်ခုံအားတိုက်မိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်()ဦးအနက် အမျိုးသမီး()ဦးမှာ ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ရာ သေဆုံးခဲ့ပြီး ကျန်ခရီးသည် ()ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းများက ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် မော်တော်ယာဉ် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ခင်ဇော်ဦးအား ကလိန်အောင် နယ်မြေရဲစခန်းမှ  အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးမိုးခိုင်(ပြန် /ဆက်)