ကလိန်အောင်မြို့၌ သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း နေရပ်ပြန်ခရီးသည်များ၊ အပန်းဖြေခရီးသွား များဖြင့် စည်းကားနေ

ကလိန်အောင်  ၁၁   အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့သည်  နယ်စပ်မြို့ငယ်လေး တစ်မြို့ဖြစ်သောကြောင့် ခရီးတစ်ထောင့် ကားရပ်နားသည့် ထမင်းဆိုင်များတွင် သီတင်းကျွတ်ရုံး ပိတ်ရက်ကာလအတွင်း နေရပ်ပြန်ခရီးသွားဧည့်သည်များနှင့် အပန်းဖြေခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။


အ‌ဆိုပါ ခရီးသွားရာတွင် သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက် ဖြစ်သောကြောင့် ‌နေရပ်ပြန်ခရီးသည်များ၊ ရန်ကုန်မြို့နှင့် အထက်မြန်မာပြည်ဘက်မှ ခရီးသည်များက အဝေးပြေးယာဉ်လိုင်းများဖြင့် လည်းကောင်း၊ ကားအစီးလုံးဖြတ်ငှားရမ်းခြင်းဖြင့် လည်းကောင်း၊ ကိုယ်ပိုင်ကားများဖြင့်လည်းကောင်း ထားဝယ်ခရိုင်အတွင်းရှိ ထင်းရှားကျော်ကြား‌သည့် ရှင်ကိုးရှင် သမိုင်းဝင်ဘုရားနှင့် မောင်းမကန်ကမ်းခြေ အပန်းဖြေခရီးထွက်သူကြသူများ ဖြစ်ကြောင်း သိရသည်။

 

ကလိန်အောင်(ပြန် /ဆက်)