ကလိန်အောင်မြို့၌ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ကလိန်အောင်  ၁၈   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ကလိန်အောင်မြို့  ရေး-ထားဝယ် ကားလမ်း မိုင်တိုင်အမှတ်( ၇၆/၇)တွင် ယမန်နေ့ ညနေက ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေး-ထားဝယ် ကားလမ်းမိုင်တိုင်( ၇၆/၇)တွင် ရေးမြို့ဘက်မှထားဝယ်မြို့ဘက်သို့ ယာဉ်မောင်းဇော်လင်း(၄၄)နှစ် မောင်းနှင်လာသည့် (၁၀)ဘီး ကုန်စိမ်းများ တင်ဆောင်ထားသည့် ယာဉ်သည်ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ လိမ့်ဆင်းသွားပြီး ပက်လက်လန် တိမ်းမှောက်သွားခြင်း ဖြစ်သည်။

 

တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဇော်လင်းနှင့်  ယာဉ်နောက်လိုက်နန်းဝင်းတွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဇော်လင်းအား ကလိန်အောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မိုးမိုးခိုင်(ပြန်/ဆက်)