ကမ္ဘာ့ အချမ်းသာဆုံး ကလေး ၁၀ ဦးမှာ စာရင်းဝင်လာတဲ့ ဂျေဒန်စမစ်သ်

၁၈  ဒီဇင်ဘာ

သိပ္ပံအက်ရှင် ဇာတ်ကားတွေမှာ လူကြိုက်များခဲ့တဲ့ အက်ရှင်မင်းသား ဝီလ်စမစ်သ်နဲ့ အမေရိကန် မင်းသမီး ဂျေဒပင့်ခ်ကတ်စမစ်သ် တို့ရဲ့ သားဖြစ်သူ ဂျေဒန်စမစ်သ်ဟာ အသက် ၇ နှစ်ကတည်းက ကလေး သရုပ်ဆောင်အနေနဲ့ အနုပညာ လုပ်ငန်းတွေကို စတင်ခဲ့ရာကနေ အခုအချိန်မှာတော့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး စာရင်းဝင် ကလေး ၁၀ ဦးထဲမှာ ပါဝင်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင်နဲ့ ရက်ပ် အဆိုတော် တစ်ဦးဖြစ်တဲ့ ဂျေဒန်စမစ်သ်ဟာ ၂၀ဝ၆ ခုနှစ်မှာ The Pursuit of Happyness လို့ အမည်ရတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးရဲ့ အတ္ထုပ္ပတိ ဇာတ်ကားမှာ ဖခင်ဖြစ်သူနဲ့အတူ စတင် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀ဝ၈ ခုနှစ်မှာ The Day the Earth Stood Still ဇာတ်ကား၊ ၂၀၁၀ ခုနှစ်မှာ ဝါရင့် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းနဲ့ The Karate Kid ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်မှာ After Earth ဇာတ်ကားတွေမှာ ဖခင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိမှာ သူ့ရဲ့ အသားတင် ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၉ သန်းကျော် ရှိနေပြီ ဖြစ်တယ်လို့လည်း  သိရပါတယ်။

MDN