ကမ္ဘာ့အဆင့် သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

ရန်ကုန် ၈ စက်တင်ဘာ

ဖိလစ်ပိုင်သမ္မတနိုင်ငံ ကလက်မြို့၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည်မြားပစ်ပြိုင်ပွဲ (2019 Asia Cup Ranking Tournament Stage 3) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ITO (Jury) အဖြစ် အထူးဖိတ်ကြားထားသည့် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ အသင်းအုပ်ချုပ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီ၊ နည်းပြချုပ်/နည်းပြ (၃)ဦး အားကစားသမား (Recurve)အမျိုးသား (၄)ဦး၊ အမျိုးသမီး (၃)ဦးနှင့် အားကစားသမား (Compound) အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၁၈)ဦးတို့သည် ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတောက်ထွန်းနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

MDN