ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီ

ဆောင်းပါး - မျိုးမြတ်မိုး (MANA) 

ကော်ဖီသည်  ကမ္ဘာပေါ်တွင်    “ရေ”ပြီးလျှင် သောက်သုံးမှုအများဆုံးဖြစ်သည်။      ရှေးခေတ် ကတည်းက လူ့ယဉ်ကျေးမှု၏အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကော်ဖီသည် လူသားတို့၏ ကျန်းမာရေး  အတွက် နည်းလမ်းတစ်ခုခုဖြင့် အကျိုးပြုနေသည်ကို ကော်ဖီကြိုက်သူတိုင်း သိရှိပြီးဖြစ်သည်။ ကော်ဖီကို အလွန်အကျွံသောက်သုံးပါက ကျန်းမာရေးကို ထိခိုက် နိုင်သည်ဟု ဆိုကြသော်လည်း ကော်ဖီကြိုက်နှစ် သက်သူများအနေဖြင့် နံနက်စောစော အိပ်ရာထချိန်၊  နေ့လယ်နေ့ခင်းအချိန်များတွင်  ကော်ဖီတစ်ခွက် သောက်ရခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့် ပျော်ရွှင် မှုတစ်ခု    ရရှိစေကြောင်းကို   လက်ခံထားကြပြီး ဖြစ်သည်။ ကော်ဖီနှင့်ပတ်သက်၍ ဆန့်ကျင်ဘက် အမြင်အချို့ရှိနေစေကာမူ ကော်ဖီသည် မှတ်ဉာဏ် ကို ကောင်းမွန်စေပြီး ကော်ဖီကို ပုံမှန်သောက်သုံး ခြင်းသည် စိတ်ကျရောဂါဖြစ်နိုင်ခြေကို ၆၅ ရာခိုင် နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာမှုများရှိခဲ့ပြီး ဖြစ်သည်။ ကော်ဖီသောက်ခြင်း၏ အရေးပါမှုသည်  ကာလကြာလာသည်နှင့်အမျှ တိုးတက်မှုရှိနေသဖြင့် ကော်ဖီသောက်ချိန်သည်ပင်လျှင်    လုပ်ငန်းခွင်၌ အရေးကြီးသောကဏ္ဍတစ်ခု ဖြစ်လာသည်။ ကော်ဖီ သည် လူသားများအကြား  တန်ဖိုးမြင့်ကုန်ပစ္စည်း တစ်ခုအဖြစ် အရေးပါနေသည်။ 

တန်ဖိုးမြင့်သီးနှံကုန်စည်တစ်ခု

မျက်မှောက်ကာလတွင် ကော်ဖီသည် ကမ္ဘာ့ ကုန်စည်ဈေးကွက်တွင် ရေနံရောင်းဝယ်မှုပြီးလျှင်  ဒုတိယအဆင့် အရေးပါဆုံးသော တန်ဖိုးမြင့်သီးနှံ ကုန်စည်တစ်ခုဖြစ်သည်။ မှတ်တမ်းများအရ ကမ္ဘာ  တစ်ဝန်းတွင် နေ့စဉ်သောက်သုံးနေကြသော ကော်ဖီ ခွက်ရေပေါင်း ၂ ဒသမ ၅ ဘီလီယံခန့်ရှိပြီး ကော်ဖီ  သောက်သုံးမှုအများဆုံးနိုင်ငံသည်  နယ်သာလန် နိုင်ငံဖြစ်သည်။ ကော်ဖီသောက်သုံးမှုအများဆုံးနိုင်ငံ များတွင် အဆင့်(၈)ရှိသော အမေရိကန်နိုင်ငံ၏  ကော်ဖီဈေးကွက်သည် တစ်နှစ်လျှင် ၁၈ ဘီလီယံ ခန့်အထိရှိသည်။    ဖွံ့ဖြိုးဆဲနိုင်ငံများတွင်   အဓိက စိုက်ပျိုးကြပြီး ယင်းလုပ်ငန်း၌ လူဦးရေသန်းပေါင်း  ၁၂၀ ခန့် လုပ်ကိုင်နေကြသည်ဖြစ်ရာ ကော်ဖီစိုက်ပျိုး  ထုတ်လုပ်မှုကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း များပြားသကဲ့သို့ နိုင်ငံခြားဝင်ငွေကိုလည်း တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးနိုင်သည့်လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံ၏   ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ သည် ကော်ဖီစိုက်ပျိုးသည့် အရှေ့တောင်အာရှနိုင်ငံ များဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့်  နှိုင်းယှဉ်ပါက နည်းပညာအားနည်းခြင်း၊ သတင်း အချက်အလက်ဖလှယ်မှု လိုအပ်ချက်ရှိနေခြင်းနှင့်  ကော်ဖီသီးနှံဈေးကွက် ဝေစုရရှိမှုအားနည်းနေခြင်း တို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျသေးသည်ကို တွေ့မြင်  ကြရမည်ဖြစ်သည်။ 

ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊  ချင်းပြည်နယ်  တီးတိန်ဒေသနှင့် ရှမ်းပြည်နယ် ရွာငံဒေသများတွင်  အဓိကစိုက်ပျိုး လျက်ရှိပြီး တစ်နိုင်ငံလုံးတွင် စိုက်ဧက ငါးသောင်း ကျော်ရှိကြောင်း သိရသည်။ ပြင်ဦးလွင်ဒေသနှင့်  ရွာငံဒေသတို့မှ ထွက်ရှိသည့် မြန်မာ့အာရေဗီကာ  ကော်ဖီသည် ကမ္ဘာ့အဆင့်မီ   (Special  Coffee) အဆင့်တွင်ရရှိခဲ့ပြီး ယခုအခါ သင့်တင့်သည့်ဈေးနှုန်း များ ရရှိလာသည်။ 
ပြည်တွင်း၌လည်း ကော်ဖီဆိုင် များ၊ ကော်ဖီစစ်စစ်သောက်သုံးသူများ တဖြည်းဖြည်း များပြားလာသည်။    ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးလာသည်နှင့်အမျှ နိုင်ငံခြားဝင်ငွေ  ပိုမိုရရှိ လာပြီး ကော်ဖီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များ ကိုလည်း အကျိုးစီးပွားဖြစ်ထွန်းစေမည်ဖြစ်သည်။  မြန်မာ့ကော်ဖီရာသီ၌ ကော်ဖီတန်ချိန်  ၅၀ဝ  ခန့် ပြည်ပတင်ပို့ရန်    အခြေအနေကောင်းများ   ရှိနေ သည်။ အီးယူသည်  စီးပွားရေးဖွံ့ဖြိုးတိုးတက်နေ သည့် နိုင်ငံ ၂၇ နိုင်ငံကို ပေါင်းစည်းထားပြီး  ကမ္ဘာ့ အကောင်းဆုံးစီးပွားရေးဘုံစနစ်တစ်ခုကို ပိုင်ဆိုင် ထားသည့်   အဖွဲ့အစည်းတစ်ခုဖြစ်သည်။   အီးယူ အဖွဲ့ဝင်နိုင်ငံများသည်   ကမ္ဘာပေါ်တွင်   ကော်ဖီ သောက်သုံးမှု အမြင့်မားဆုံးဖြစ်သောကြောင့် အသိ အမှတ်ပြုလက်မှတ်ရကော်ဖီများအတွက်   ကမ္ဘာ့ အကြီးမားဆုံး ဈေးကွက်တစ်ခုဖြစ်သည်။  အီးယူ ၂၇ နိုင်ငံအနက်မှ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊  ဒိန်းမတ်၊ နယ်သာလန်နှင့် စပိန်တို့သည် မြန်မာ့ကော်ဖီအား   နှစ်စဉ်တိုးတက်ဝယ်ယူခဲ့ကြ သည်ကိုတွေ့ရသည်။ 

အမေရိကန်နိုင်ငံသည်လည်း     ကမ္ဘာ့ကော်ဖီ သောက်သုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်၍ ကော်ဖီ  တိုးမြှင့်တင်ပို့ရန် ဦးစားပေးရွေးချယ်နိုင်သည့်နိုင်ငံ  ဖြစ်သည်။ နိုင်ငံအတွင်း နေထိုင်ကြသူများအနက်  သန်း ၁၅၀ ကျော်သော အမေရိကန်တို့သည် နေ့စဉ် ကော်ဖီခွက်ရေ   သန်း  ၄၀၀  သောက်သုံးကြပြီး တစ်နှစ်သောက်သုံးမှုအတွက် ၁၄ဝ ဘီလီယံကုန်ကြ သည်။ ကော်ဖီသောက်သုံးမှုသည် ၂၀၁၅  ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း  တိုးတက်လာ ခဲ့ပြီး   ဆက်လက်၍လည်း   ၂၀၂၁-၂၀၂၅    အတွင်း နှစ်စဉ် ၇ ဒသမ ၉၇ ရာခိုင်နှုန်းတိုးတက်မည်ဟု  ခန့်မှန်းလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် နိုင်ငံသို့ ကိုလံဘီယာနိုင်ငံမှ ၁ ဒသမ ၂၁ ဘီလီယံနှင့် ဘရာဇီးနိုင်ငံမှ  ၁ ဒသမ ၁၆  ဘီလီယံတန်ဖိုးရှိ ကော်ဖီများတင်သွင်းခဲ့သဖြင့် တင်သွင်းမှုအများဆုံး နိုင်ငံများအဖြစ်  ရပ်တည်ခဲ့ကြသည်။  ကမ္ဘာ့အထူး တန်းဝင် အကောင်းဆုံးကော်ဖီများ ထုတ်လုပ်သည့် နိုင်ငံများမှာ ဘရာဇီး၊ ကိုလံဘီယာ၊  ဒိုမီနီကမ်နှင့်  အီသီယိုးပီးယားနိုင်ငံတို့ဖြစ်သည်။

အာရေဗီကာကော်ဖီကို 
ပြင်ဦးလွင်တွင် စတင်စိုက်ပျိုး 

မြန်မာ့ကော်ဖီသမိုင်းကို  လေ့လာကြည့်မည် ဆိုလျှင် ဗြိတိသျှကိုလိုနီခေတ် ၁၈၈၅ ခုနှစ်မှစတင် ပြီး ရိုဗက်စတာကော်ဖီက မြန်မာနိုင်ငံ    မြိတ်နှင့်  ထားဝယ်ဒေသသို့ ရောက်ရှိလာခဲ့ပြီး ၁၉၃ဝ ပြည့်နှစ် များတွင်  ကတ်သလစ်သာသနာပြုအဖွဲ့က အာရေ ဗီကာကော်ဖီကို ပြင်ဦးလွင်တွင် စတင်စိုက်ပျိုးခဲ့ကြ သည်။  မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်း ၃၀၀၀၀  ကျော်ခန့်ရှိပြီး အာရေဗီကာကော်ဖီ ၈ဝ ရာခိုင်နှုန်းခန့်နှင့် ရိုဗက်စတာကော်ဖီ ၂၀ ရာခိုင်နှုန်း ခန့် စိုက်ပျိုးထုတ်လုပ်ကြသည်။ ပြင်ဦးလွင်၊  ရွာငံ၊  မိုးကုတ်၊ နောင်ချို၊   သံတောင်ကြီး၊  ဟိုပုံးနှင့်  ပင်လောင်းဒေသတို့မှာ ကော်ဖီအများဆုံး  စိုက်ပျိုး ထုတ်လုပ်သောဒေသဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင်  မြန်မာနိုင်ငံ ကော်ဖီအသင်းကကြီးမှူးပြီး နိုင်ငံတကာ ကော်ဖီပညာရှင်များ ဖိတ်ခေါ်ကာ ကော်ဖီအရည် အသွေး အကဲဖြတ်အမှတ်ပေးပြိုင်ပွဲကို ကျင်းပခဲ့ရာ   မြန်မာ့ကော်ဖီအရည်အသွေးက အမှတ်  ၈၉  ပွိုင့် ရရှိခဲ့သည်။ မိုးကုတ်ကော်ဖီက ၂၀၁၈ ခုနှစ်  ကော်ဖီ ကမ်ပိန်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ဒုတိယဆု ထပ်မံရရှိခဲ့သည်။ 

အာရှတိုက်၏အကြီးဆုံး ကော်ဖီပြပွဲ

ဂျပန်နိုင်ငံ Speciality Coffee Association of  Japan (SCAJ) အဖွဲ့က ကြီးမှူးပြီး  နှစ်စဉ် နိုဝင်ဘာ  လတွင် ကျင်းပမြဲဖြစ်သည့် အာရှတိုက်၏အကြီးဆုံး ကော်ဖီပြပွဲဟုဆိုနိုင်သည့် SCAJ World Speciality Coffee Conference & Exhibition ကို မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ကော်ဖီကုမ္ပဏီတို့က ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်များတွင် သွားရောက်ပြသခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် ပြပွဲကျင်းပနိုင်ခြင်းမရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် မြန်မာ့ကော်ဖီများ ဝယ်ယူနေသည့်  ဂျပန်ကုမ္ပဏီ သုံးခုဖြစ်သည့် Saka No Tochu Co.,Ltd.၊ Mandalay Coffee Group Co.,Ltd. နှင့်  Aung Coffee Lab တို့က  မြန်မာ့ကော်ဖီများနှင့်   မြန်မာနိုင်ငံကော်ဖီ ကိုယ်စားပြုပြီး SCAJ World Speciality Coffee Conference & Exhibition 2011 ပြပွဲတွင် ပါဝင် ပြသခဲ့ကြသည်။ ကော်ဖီပြပွဲကြီးကို ကမ္ဘာ့နိုင်ငံများ မှ  နာမည်ကြီးကော်ဖီအမျိုးအစားမျိုးစုံနှင့် ကော်ဖီ လုပ်ငန်းပေါင်း ၂၀၀ ကျော်  လာရောက်ပြသကြသည့်  အပြင် ကော်ဖီဖျော်စက်မျိုးစုံ၊ ကော်ဖီနှင့် ဆက်စပ်  ပစ္စည်းမျိုးစုံ၊ ကော်ဖီအသုံးပြုထုတ်လုပ်ထားသော  အခြားသစ်သီးအရသာ၊ ဆေးဖက်ဝင်သစ်သီးသစ်ရွက် ပေါင်းစပ်ထားသော သောက်သုံးစရာနှင့် ကော်ဖီအခွံ ကိုအသုံးပြုပြီး အခြားဖြည့်စွက်အရသာ ပေါင်းစပ် ထုတ်လုပ်ထားသော  အချိုရည်များကို မြန်မာနိုင်ငံ  ကော်ဖီအသင်းနှင့် ကော်ဖီလုပ်ငန်းရှင်များ ပူးပေါင်း ၍ ပြည်တွင်းစိုက်ပျိုးမှုနှင့်  ပြည်ပတင်ပို့မှုများကို  တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး   ပြည်ပကော်ဖီပြပွဲများကို တတ်စွမ်းသမျှပါဝင်ပြသခဲ့ကြသည်။

SCAJ World Speciality Coffee Conference & Exhibition 2021 ပြပွဲတွင် ဝင်ရောက်ပြသခဲ့သော Aung Coffee ကို ဂျပန်လူမျိုး  Mr. Okutomi Taketo က  တည်ထောင်ခဲ့ပြီး  ၂၀၁၈  ခုနှစ်မှ စတင်ကာ ရှမ်းပြည်နယ် (ရွာငံ၊ ဟိုပုံး၊ ပင်လောင်း) နှင့်  မန္တလေးတိုင်းဒေသကြီး    (ပြင်ဦးလွင်နှင့် မိုးကုတ်)တို့မှ  ထွက်သော ကော်ဖီများကို အစေ့  အစိမ်းဝယ်ယူတင်သွင်းပြီး အိမ်လှော် မြန်မာ့အထူး  တန်းဝင်ကော်ဖီအဖြစ် ဂျပန်နိုင်ငံတွင် ကော်ဖီဆိုင် နှင့် အင်တာနက်တို့မှတစ်ဆင့်  ပြန်လည်ရောင်းချခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်မှစပြီး တိုကျိုမြို့ Ushigome Yanagimachi ဘူတာရုံအနီးတွင် Aung Coffee (Myanmar Coffee Lab Cafe’ & Roastery) နာမည် နှင့် မြန်မာ့အထူးတန်းဝင်ကော်ဖီများကို မြန်မာမုန့် များဖြစ်သော ဆနွင်းမကင်း၊ ကောက်ညှင်းရွှေချီ၊  စနိုးပူတင်းတို့နှင့်  တွဲဖက်ရောင်းချသည်။  မြန်မာ့ ကော်ဖီကို ကြိုက်နှစ်သက်သူဂျပန်လူမျိုးများ တိုးပွား လာနေပြီး ကော်ဖီဈေးနှုန်းက ကမ္ဘာ့နာမည်ကျော် Starbuck    Coffee   ဈေးနှုန်းနှင့်  အတူတူပင် ဖြစ်သည်။ ဂျပန်ဈေးကွက်တွင်  မျက်နှာပန်းလှစွာ အရောင်းသွက်နေသော မြန်မာ့ကော်ဖီ၏ တိုးတက်မှု အရှိန်အဟုန်ကို   ဆက်လက်မြှင့်တင်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ အခြား ကော်ဖီသောက်သုံးမှု မြင့်မားသော  နိုင်ငံများတွင် လည်း (ဥပမာ-ကိုရီးယား)    အလားတူ မြန်မာ့ကော်ဖီသီးသန့်ဆိုင်များ ပေါ်ထွန်း လာစေရန်   အားလုံး တစ်တပ်တစ်အား ပါဝင်ကြဖို့ တိုက်တွန်းလိုပါသည်။ 

ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာ အားနည်းမှု၊    ထုတ်လုပ်မှုစရိတ်   များပြားနေမှု၊ ကော်ဖီစိုက်တောင်သူများ ငွေကြေးအခက်အခဲရှိမှု၊ ဈေးကွက်ဆိုင်ရာ  အချက်အလက်ဖလှယ်ရာတွင်  အားနည်းမှု၊ ကော်ဖီစိုက်ပျိုးမြေနှင့်ပတ်သက်သည့် ပြဿနာများရှိနေမှုတို့မှာ  စိန်ခေါ်မှုများ   ဖြစ်နေ သည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးနိုင်ပါက  ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း  တစ်ခုလုံး    ရေရှည်ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင်သည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း ၎င်း၏တစ်ဦးချင်းစားသုံးမှု  ၃၀ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း    လေ့လာမှုများက ဖော်ပြကြသည်။ ကမ္ဘာကြီးတွင် လူဦးရေတိုးလာ သည်နှင့်အမျှ ကော်ဖီသောက်သူများ ပိုမိုတိုးပွားနေ ဦးမည်ဖြစ်၍ အနာဂတ်တွင် အလားအလာကောင်း သည့် ဈေးကွက်ဝင်သီးနှံတစ်ခုအဖြစ် ဆက်လက် ရှိနေဦးမည်ဖြစ်သည်။ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်းများပြား သကဲ့သို့     နိုင်ငံခြားဝင်ငွေကိုလည်း   တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးနိုင်သည့်လုပ်ငန်းဖြစ်သည်။ သို့ရာတွင် ကော်ဖီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးတွင် နည်းပညာနှင့် ထုတ်လုပ်မှုစရိတ် များပြား နေမှု၊ ကော်ဖီစိုက်တောင်သူများ ငွေကြေးအခက် အခဲရှိမူ၊  ကော်ဖီစိုက်ပျိုးမြေနှင့်ပတ်သက်သည့် ပြဿနာများရှိနေမှုတို့မှာ စိန်ခေါ်မှုများရှိနေသည် ဖြစ်ရာ   မြန်မာ့ပို့ကုန်အမည်သစ်   ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုမြင့်မားစေရန်   ပူးပေါင်းဆောင်ရွက်  ကြပါရန်  ရေးသားလိုက်ရပါသည်။       ။