ကမ္ဘာ့အသက်အငယ်ဆုံးခေါင်းဆောင်များ

၁၂ ဒီဇင်ဘာ

 

ဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ်တာဝန်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အသက် ၃၄ နှစ်အရွယ် ဆန်နာ မာရင် က ကျမ်းသစ္စာကျိန်ဆိုပြီး စတင်ထမ်းဆောင်ပြီဖြစ်ပါတယ်။

 

ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အန်တီ ရင်းနီက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်လိုက်တဲ့အတွက် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆန်နာ မာရင်ကို သူရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကနေ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ မာရင်ဟာ အသက် ၂၇ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ သူမနေထိုင်ရာ ထမ်ပီရီမြို့ ရဲ့ မြို့ကောင်စီကို ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီး ဇွန်လကစပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖြစ်လာပါတယ်။

 

ကမ္ဘာမှာ အသက်ငယ်ဆုံးနိုင်ငံ့ခေါင်းဆောင်များအဖြစ် သူတို့ရဲ့ အသက် ၃၀ကျော်အတွင်းမှာ တာဝန်ထမ်းဆောင်ကြသူများကတော့

 

mdn

 

ယူကရိန်းနိုင်ငံ- ရှေ့နေ အိုလက်ဆီ ဂွန်ချာရပ်ကို သြဂုတ် ၂၀၁၉ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် သမ္မတ ဗလွန်ဒီမီယာ ဇက်လန်စကိုင် က တင်မြောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂွန်ချာရပ်ဟာ အသက် ၃၅ နှစ်ဖြစ်ပြီး သမ္မတ ကိုယ်တိုင်က ၄၁ နှစ်သာ ရှိနေကြောင်း သိရပါတယ်။

 

mdn

 

ဆာဗားဒိုးနိုင်ငံ- ကွန်ဆာဗေးတစ် စီးပွားရေးသမား နေဗီဘူကီလီဟာ ဇွန်လ ၂၀၁၉ ခုနှစ်မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်မှာ အသက် ၃၇ နှစ်သာရှိပါတယ်။

 

mdn

 

အန်ဒိုရာ- တရားရေးရာဝန်ကြီးဟောင်း ဇာဗီယာ အက်ပေါ့ ဇာမိုရာ ဟာ မေ ၂၀၁၉ ခုနှစ်မှာ သမ္မတ ဖြစ်ပါတယ်။ အန်ဒိုရာဟာ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေကြားက နယ်မြေလေးတစ်ခုဖြစ်ပါတယ်။

 

mdn

 

ကော့စ်တာရီကာ - သတင်းသမား၊ အလုပ်သမားဝန်ကြီးဟောင်း ကာလို့စ် အယ်ဗာရာဒို ဟာ မေလ ၂၀၁၈ ခုနှစ်မှာ သမ္မတ အဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီချိန်မှာ အယ်ဗာရာဒိုဟာ အသက် ၃၈ နှစ်သာ ရှိကြောင်း သိရပါတယ်။

 

mdn

 

နယူးဇီးလန်- ဂျက်စင်ဒါ အာဒန် ဟာ အသက်၃၇ ခုနှစ်အရွယ် အောက်တိုဘာ ၂၀၁၇ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

 

mdn

 

အိုင်ယာလန်-  အိုင်ယာလန်နိုင်ငံရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ်အဖြစ် လီယို ဗာရက်ကာ ဟာ ဇွန်လ ၂၀၁၇ ခုနှစ်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီအချိန်က ဗာရက်ကာဟာ အသက် ၃၈ နှစ်သာရှိကြောင်း သိရပါတယ်။

 

mdn

 

ပြင်သစ်- ဘဏ်လုပ်ငန်းရှင် အီမန်နျူရယ် မက်ခရွန် ဟာ ပြင်သစ်နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတအဖြစ် မေလ ၂၀၁၇ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီချိန်က မက်ခရွန်ဟာ အသက် ၃၉ နှစ်သာရှိကြောင်း သိရပါတယ်။

 

mdn

 

အက်စ်တိုးနီးယား - ဂျူရီရက်တာ ဟာ အသက် ၃၈ နှစ်အရွယ် နိုဝင်ဘာ ၂၀၁၆ ခုနှစ်က ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ရက်တာ မတိုင်မီက တာရာဗီ ရိုဗက်စ်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ် ၂၀၁၄ ခုနှစ် တွင် အသက် ၃၄ နှစ်သာရှိကြောင်း သိရပါတယ်။

 

mdn

 

မာတာ - ဝန်ကြီးချုပ်တာဝန်ကို ဂျိုးဇက် မက်ကတ် ဟာ ၃၉ နှစ် ၂၀၁၃ မတ်လမှာ ထမ်းဆောင်ခဲ့ပါတယ်။

 

ဒီမိုကရေစနစ်ကျင့်သုံးတဲ့ အစိုးရတွေမှာ မဟုတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ဟာ တာဝန်ယူစဉ်မှာ အသက် ၃၅ နှစ် နဲ့ ကာတာနိုင်ငံမှာ အာဏာအရှိဆုံး ဟာမက် အယ်သာနီဟာ အသက် ၃၉ နှစ်အရွယ်ဖြစ်ပါတယ်။ ဘူတန်ဘုရင် ဝမ်ချာဟာ ဘုရင်တာဝန်ထမ်းဆောင်စဉ် ၂၀ဝ၆ ခုနှစ် မှာ အသက် ၂၆ နှစ် ဖြစ်ပြီး ယနေ့ချိန်မှာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပါတယ်။

 

mdn

 

MDN

ကိုးကား - AFP

 

mdn

 

mdn