ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင်  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖြူး ၁၅ မတ်


ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် စားသုံးသူများ မိမိတို့အခွင့်အရေးကို သိရှိနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက  ဈေးအတွင်းရှိ ဈေရောင်း၊ ဈေးဝယ် ပြည်သူများအား ယနေ့နံနက်ပိုင်းက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဖြန့်ဝေရာတွင် စားသုံးသူများ အခွင့်အရေးကို သိရှိနိုင်ရန်အတွက် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးပါက စားသုံးသူကာကွယ်ရေးဉပဒေအရ အရေးယူပေးနိုင်ကြောင်းကို အသိပညာပေးထားသည့် လက်ကမ်းစာစောင်များကို ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


မနွယ်(ဖြူးပြန်/ဆက်)