ကမ္ဘာ့ကြက်ခြေနီအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ မြစ်ကြီးနားမြို့၌ကျင်းပ

မြစ်ကြီးနား  ၉  မေ      

 

ကချင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီမှဦးဆောင်မှုဖြင့် ၂၀၂၀ ပြည့်နှစ်၊ မေ(၈) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေး လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၌ကျင်းပရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးဝန်ကြီးဦးနေဝင်း တက်ရောက်အားပေးခဲ့သည်။

 

202005

 

အဆိုပါ စုပေါင်းသွေးလှူဒါန်းနေမှုကို ပြည်နယ်လူမှုရေး ဝန်ကြီးဦးနေဝင်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘုန်းမော်၊ သွေးလှူဘဏ်ဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီဉက္ကဋ္ဌ ဦးဘရန်ဒီး၊ ဒုဉက္ကဋ္ဌ ဦးမောင်ချင်း၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဒေါင်ဟောင်းနှင့် တာဝန်ရှိသူများက စေတနာ သွေးသန့် သွေးလှူရှင်များကို အာဟာရမုန့်နှင့် အချိုရည်ဗူးများကိုပေးဝေခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း သွေးလှူရှင် (၅၀)မှ   သွေးလှူဒါန်းခဲ့ကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရှိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)

 

11245