ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံ ၁၃၃ နိုင်ငံသို့  ကိုဗစ်-၁၉  ရောဂါစစ်ဆေးရေးကိရိယာများ ဖြန့်ဝေပေးမည်

၃၀ စက်တင်ဘာ

 

ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံ များအား ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာစစ်ဆေးနိုင်သည့် စစ်ဆေးရေး ကိရိယာ သန်း ၁၂၀ အား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ က စက်တင်ဘာ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ၎င်း၏မဟာမိတ်အဖွဲ့များက ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးကိရိယာများ ဖြန့်ဝေပေးခြင်းနှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ်အက်ဒါနွမ်ဂါဘရီယီဆက်စ်က ပြောကြားခဲ့ခြင်းဖြစ် သည်။

 

အမေရိကန်နှင့် တောင်ကိုရီးယားကုမ္ပဏီများက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးကိရိယာနှစ်မျိုးကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ သည်။ အဆိုပါစမ်းသပ်ကိရိယာတစ်ခုလျှင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ တန်ဖိုးရှိပြီး ၁၅ မိနစ်မှ မိနစ် ၃၀ အတွင်း ယုံကြည်စိတ်ချ ရသော ရလဒ်ထွက်ပေါ်နိုင်ကြောင်း သိရသည်။ - ထို့ပြင် အဆိုပါစမ်းသပ်ကိရိယာများကို ကျန်းမာရေးဝန်ထမ်း များအနေဖြင့် အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရခြင်း ရှိ၊ မရှိ စောစောသိလေလေ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်လေလေဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ်အက်ဒါနွမ်ဂါဘရီယီဆက်စ်က ဆိုသည်။

 

အဆိုပါဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စမ်းသပ်နိုင်သောကိရိယာများကို ရောဂါ ကူးစက်မှုမြင့်တက်လျက်ရှိပြီး စမ်းသပ်ကိရိယာများ အလုံအလောက် မရှိသည့် အာဖရိက၊ တောင်အာဖရိကနှင့် အခြားသောဒေသများ အပါအဝင် နိုင်ငံ ၁၃၃ နိုင်ငံသို့ မကြာမီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်