ကမ္ဘာ့မယ်စကြဝဠာသရဖူဆုရအိမ်ထောင်ရှင် အလှမယ် ဟန်နီ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ 

ရန်ကုန် ၁၀ ဇန်နဝါရီ 

တရုတ်နိုင်ငံတွင် အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပသော (၄၂)ကြိမ်မြောက် အိမ်ထောင်ရှင်အလှမယ် Mrs Universe 2019 ပြိုင်ပွဲကြီးတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် (၉၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မဟန်နီက ပြိုင်ပွဲ၏ အမြင့်ဆုံး  Mrs Universe 2019 Winner ဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံကိုယ်စားပြု အိမ်ထောင်ရှင်အလှမယ် မဟန်နီအား ပရိသတ်များ/ Miss GoldenLand Myanmar မှ တာဝန်ရှိသူများနှင့်ပရိသတ်အပေါင်းတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောင်ပန်းစည်းများကမ်းကာ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

 

‌ေ

 

"တစ်ကယ်ကိုရင်ထဲမှာ အတိုင်းမသိ ဝမ်းသာတယ်။ အားလုံးကလည်း Strong ဖြစ်တဲ့ နိုင်ငံကြီးတွေကပဲ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်လို့ ဒီ Winner ဆိုတာက ကျွန်မအနေနဲ့ပြိုင်ပွဲမှာ မမျှော်မှန်းရဲတဲ့ဆု တစ်ခု ပါပဲ။ လိုချင်တာတော့ ရင်ထဲကအတိုင်းမသိ လိုချင်တာပေါ့။ ဒီအပေါ်မှာ အခုလိုရခဲ့တယ် စင်မြင့်ပေါ်မှာ ကျွန်မတို့နိုင်ငံရဲ့အလံကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တဲ့အတွက်ကြောင့် အိမ်မက်ကို တကယ် အကောင်အထည်ဖော်နိုင်တယ်ဆိုတာ အိမ်ထောင်ရှင်တစ်ယောက်အနေနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ကိုယ်စားသူတို့ဘက်ကနေ အမြဲတမ်းရပ်တည်ပေးသွားပါမယ်။ အိမ်ရှင်မတစ်ယောက်ဖြစ်နေတဲ့အပေါ်မှာ ဒီကိုလာရောက်ကြိုဆိုတဲ့အဖွဲ့တွေကိုရော FB နဲ့ TV ဖန်သားပြင်ကနေ ကြည့်ရှုအားပေးနေတဲ့ပရိသတ်ကြီးကိုရော အမြဲချစ်နေပါတယ်"ဟု အောင်ပွဲရအိမ်ထောင်ရှင်အလှမယ် Winner ဆုရှင် ဟန်နီက ပြောသည်။

ထိုပြိုင်ပွဲကြီး၏ နိုင်ငံပေါင်း ၉၀ ကျော် မှ အလှမယ် ၉၀ ကျော်တွင်  မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မဟန်နီက ပြိုင်ပွဲ၏အမြင့်ဆုံး Mrs Universe 2019 Winner ဆုကို ဆွတ်ခူးနိုင်သည့်အပြင် Personality အကောင်းဆုံးဆု/မြန်မာ့ရိုးရာရုပ်သေးအကဖြင့် Talent Winner ဆု တို့ကိုဆွတ်ခူးနိုင်ခဲ့ပြီး Sponsor Visit မှ ချီးမြှင့်သော Four Seansons Beautiful Woman ဆုများကို ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။ 

 

‌ေ

 

ထိုပြိုင်ပွဲကြီးတွင် First RunnerUp ဆုကို Crimea ကရရှိပြီး Secon Runner Up ဆုကို အိမ်ရှင် China က ရရှိသွားကြောင်းသိရသည်။ 

အလှမယ် မဟန်နီသည် အသက်(၃၇)နှစ်ရှိပြီး သားသား/ မီးမီး (၃)ယောက်၏ မေမေ အိမ်ထောင်ရှင်လှမယ်တစ်ဦးဖြစ်ကာ Miss Golden Land Myanmar Organization တွင် ဥက္ကဌ တာဝန်ယူထားသူတစ်ဦးဖြစ်ကြောင်းသိရသည်။

 

‌ေ

 

ထိုအိမ်ထောင်ရှင်အလှမယ် ဟန်နီသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် Miss GoldenLand Myanmar မှ ကြီးမှုးကျင်းပသော  အိမ်ထောင်ရှင်အလှမယ် ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု  Winner ဆုရရှိထားသူဖြစ်ကြောင်း သိရသည်။ 

အာကာလင်း