ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို ခြေစမ်းပွဲတွင် မြန်မာအသင်း တရုတ်ကိုရှုံးနိမ့်

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် တရုတ်လက်ရွေးစင်အသင်းတို့ ယနေ့ညနေပိုင်းက တရုတ်နိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ တရုတ်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည်  ဂိုး-ကျော်ဇင်ထက်၊ နောက်တန်း- ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျော်၊ အလယ်တန်း- မောင်မောင်လွင်၊ ရန်အောင်ကျော်၊ လွင်မိုးအောင်၊ လှိုင်းဘိုဘို၊ စည်သူအောင်၊ ရှေ့တန်း- အောင်သူ တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းတွင် တစ်သင်းလုံးနီးပါး ပြောင်းလဲကာ  ကျော်ကိုကို၊ ဝင်းနိုင်စိုး၊ သိန်းသန်းဝင်း၊ ကျော်ဇင်လွင်၊ သန်းပိုင်၊ ဆွမ်လမန်၊ ကြည်လင်း၊ ဇော်လင်း၊ ပြည့်ဖြိုးဇော်၊ ကောင်းစည်သူ၊ ကျော်ဇင်ဖြိုး (ဂိုး) တို့ကို ပြောင်းလဲအသုံးပြုခဲ့သည်။ တရုတ်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားပြီး ပထမပိုင်းမှာပင် လေးဂိုးစလုံးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ချေပဂိုးရရန် ကြိုးပမ်းလာပြီး နောက်ခံလူ ဇော်မင်းထွန်းက ခေါင်းတိုက်ပြီး သွင်းယူခဲ့သည်။

မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်တွင် ကစားမည့် မွန်ဂိုလီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ ကြိုတင်လေ့ကျင့်ကာ ယခုခြေစမ်းပွဲကစားခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံMFF