ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထု ကျန်းမာရေး လမ်းလျှောက်ပွဲနှင့် သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးဟောပြောပွဲ မန္တလေးတွင်ကျင်းပ

မန္တလေး  ၁၇   မေ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်  PSI/ Myanmar နှင့်   မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီတို့ ပူးပေါင်း၍ အများပြည်သူများ ကျန်းမာရေး ဗဟုသုတတိုးပွားစေရန်နှင့် ပုံမှန်ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်းဖြင့် မကူးဆက်နိုင်သော ရောဂါများဖြစ်ပွားခြင်းများအား ကာကွယ်လျော့ချနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထု ကျန်းမာရေး လမ်းလျှောက်ပွဲနှင့် သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေးဟောပြောပွဲကိုကို  မေလ ၁၇ ရက်နေ့နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက်၂၆ လမ်းနှင့် ၇၁ လမ်း၊ စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ကျင်းပရာ မန္တလေးမြို့မှ ကိုယ်လက်လှုပ်ရှား ကျန်းမာရေး လိုက်စား စိတ်ဝင်စားကြသော မိဘပြည်သူဝန်ထမ်းများ သတ်မှတ်စုရပ်တွင် ရောက်ရှိနေရာယူကြသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ် စုပေါင်းလူထုကျန်းမာရေး လမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲကြသည့် ပြည်သူလူထု ၇၀ဝ ကျော်တို့နှင့်အတူ စုရပ်မှ စတင်၍ ၂၆ လမ်းအတိုင်း ၆၆ လမ်းအထိ ၊ ထိုမှ လာလမ်းအတိုင်း ပြန်လှည့်ကာ ၂၆ လမ်းမှ ၇၁ လမ်းအတိုင်း ဗထူးအားကစားကွင်း အတွင်းသို့ စုပေါင်းကျန်းမာရေး လမ်းလျှောက်ပွဲကို ပျော်ရွင်စွာ ဆင်နွှဲပန်းဝင်ရာက်ရှိကြသည်။

 

ထို့နောက် သွေးတိုးရောဂါဆိုင်ရာ ကျန်းမာရေး ဟောပြောပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေ၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝေဇင်၊ မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသင်းသင်းနွယ်၊ PSI/Myanmar  Regional Director ဒေါက်တာအောင်နိုင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နောက်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာယုယုမေက အမှာစကားပြောကြားသည်။

 

ဆက်လက်၍ လမ်းလျှောက်ပွဲ ဆင်နွှဲတက်ရောက်လာသူများက စုပေါင်း၍ Zumba Exercise ကိုယ်လက် လှုပ်ရှား ကျန်းမာရေး လေ့ကျင့်ခန်းများ ပျော်ရွှင်စွာပြုလုပ်ကြသည်။

 

ယင်းနောက် နှလုံးဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးကျော်စိုးဝင်းမှသွေးတိုးရောဂါဆိုင်ရာများနှင့် ပတ်သတ်၍ သိမှတ်ဖွယ်ရာများကို ပညာပေးဟောပြောပြီး ပွဲပြီးချိန်တွင် အကျွေးအမွေးများဖြင့် ဧည့်ခံခြင်းအပြင် အခမဲ့ကျန်းမာရေး စစ်ဆေးပေးမည့် အစီအစဉ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

တင်မောင် မန်းကိုယ်ပွား

 

image3.