ကမ္ဘာတစ်ဝန်းက  ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ကမ္ဘာကျော် တေးဂီတပညာရှင် ၁၀၀ ကျော်  ပါဝင်ဖျော်ဖြေ

၁၉ ဧပြီ

ကမ္ဘာတစ်ဝန်းက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်တဲ့အနေနဲ့ Together At Home ဖျော်ဖြေပွဲကို ကမ္ဘာကျော် တေးဂီတပညာရှင် ၁၀၀ ကျော် ပါဝင်ဖျော်ဖြေခဲ့ပါတယ်။

ဒီ Together At Home ဖျော်ဖြေရေးကို Global Citizen နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့က စီစဉ်တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ်တစ်အဆိုတော်တွေဖြစ်တဲ့ ဂျေလို၊ စတီဖင်ဝမ်းဒါး၊ ပေါလ်မကာသီ လေဒီဂါဂါ အစရှိတဲ့ နာမည်ကြီး အဆိုတော်ကြီးတွေနှင့်အတူ တက်သစ်စ အနုပညာရှင်များစွာပါဝင်ခဲ့ကာ ရှစ်နာရီကြာ ဖျေော်ဖြေပေးခဲ့ပါတယ်။ အနုပညာရှင်တွေက မိမိတို့အိမ်တွေကနေ ဖျော်ဖြေတင်ဆက်မှုမှာလည်း တမူထူးတာကို တွေ့ရပါတယ်။

အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်ကို လေဒီဂါဂါ က စီစဉ်ခဲ့တာဖြစ်ပြီး ဒီပွဲကိုကမ္ဘာမြေသို့ ပါးလိုက်တဲ့ မေတ္တာစာလို့ ခေါ်ပါတယ်။

ပါဝင်ဖျော်ဖြေတဲ့ ပေါလ်မကာသီက သူ့မိခင်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သူနာပြုလုပ်ခဲ့တဲ့ သူ့မိခင်ကို အောက်မေ့သတိရပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပါဝင်တဲ့တကယ့်သူရဲကောင်းတွေကို ဂုဏ်ပြုခေါ်ဆိုလိုက်ပါတယ်။

အဲဒီ ဖျော်ဖြေရေးကို  https://www.youtube.com/watch?v=87-ZFjLfBAQ&t=17228s   ဖော်ပြပါ youtube လင့်ကနေ  ကြည့်ရှူ့နိုင်ပါတယ်။

MDN
ကိုးကား - AFP

 

5

 

4

 

3

 

1

 

6