ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်း ၅၀ ကျော်ရှိသွား

၉ နိုဝင်ဘာ

 

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ သန်း ၅၀ ကျော်ရှိသွားကြောင်း  ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ ပိုးတွေ့သူ ၅၀,၀၁၀,၄၀၀  ရှိပြီး သေဆုံးသူ စုစုပေါင်း ၁,၂၅၁,၉၈၀ ရှိကြောင်း သိရပါတယ်။

 

ဥရောပနိုင်ငံမှာ ပိုးတွေ့သူ ၁၂.၆ သန်းထဲမှ သေဆုံးသူ ၃၀၅,၇၀၀ ကျော် ရှိသွားတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကမ္ဘာတစ်ဝန်းမှာ ပိုးတွေ့ရှိသူ ၃.၉ သန်း ကျော်ထဲမှာ ဥရောပတိုက် အတွင်းက နိုင်ငံပေါင်း ၅၂ နိုင်ငံက ပိုးတွေ့သူ ၂.၁ သန်းကျော် ပါရှိတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ၇ ရက်အတွင်းမှာ ပြင်သစ်နိုင်ငံမှာ ပိုးတွေ့သူ ၃၈၁,၀၀၀ ၊ အီတလီနိုင်ငံတွင် ၂၂၃,၀၀၀ ၊ ဗြိတိန် (၁၆၀,၀၀၀)၊ ပိုလန် (၁၅၉,၀၀၀ ) နဲ့ စပိန်နိုင်ငံတွင် ပိုးတွေ့ရှိသူ ၁၄၃,၀၀  ရှိကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ပိုးတွေးရှိသူ ၁၀ ကျော်ရှိလားပြီး သေဆုံးသူဟာ ၂၃၇,၀၀၀ ကျော်ရှိပါတယ်။  ပြီးခဲ့ရဲ့ရက်ပိုင်းအတွင်း နေ့စဉ် ပိုးတွေ့ရှိသူ ၁ သိန်းကျော် တွေ့နေရပါတယ်။

 

ဥရောပတိုက်ပြီးရင် ပိုးတွေ့များတဲ့ ဒေသဟာ လက်တင်အမေရိက နဲ့ ကရစ်ဘီယန် ဒေသ (ပိုးတွေ့သူ ၁၁.၆ သန်း နဲ့ သေဆုံးသူ ၄၁၁,၇၀၀ ) ဖြစ်ပါတယ်။ အဲဒီနောက် အာရှတိုက် (ပိုးတွေ့သူ ၁၁ သန်း နဲ့ သေဆုံးသူ ၁၇၇,၀၀၀ နီးပါး) ဖြစ်ပါတယ်။

 

နိုင်ငံအများစုဟာ ရောဂါပိုးလက္ခဏာ တွေ့ရှိသူနဲ့ ဖျားနာနေသူတွေကိုသာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP