ကမ္ဘာတစ်ဝန်းရှိ ဆန်ဒါကလော့များမှ ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေ

ဥရောပနှင့် တောင်အမေရိကတို့တွင် လူများသည် ဆန်ဒါကလော့ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဖျားနာနေသည့် (သို့မဟုတ်) ဆင်းရဲသည့် ကလေးများအတွက် ရန်ပုံငွေများ ရှာဖွေရန် ပရဟိတ လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။ 

 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဆန်ဒါကလော့ဝတ်စုံများ ဝတ်ဆင်ထားသည့် လူပေါင်း ၄၀ဝ၀ နီးပါးသည် တနင်္ဂနွေနေ့အတွင်းက ပရဟိတ လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။

 

အပြေးသမားများထံမှ ကောက်ခံရရှိထားသည့် ငွေကြေးစုစုပေါင်း ယူရို ၁၁၀ဝ၀(သို့မဟုတ်) အမေရိကန်ဒေါ်လာ ၁၂၀ဝ၀ကို အဖွဲ့မှ အထောက်အပံ့ပေးနေသော ကင်ဆာဝေဒနာခံစားနေရသည့် ကလေးငယ်များကို လှူဒါန်းမည်ဟု ဆိုသည်။

 

mdn

 

ဂရိနိုင်ငံ အေသင်မြို့တော်ရှိ အပြေးသမားများမှ ၁၃ဒေါ်လာလှူဒါန်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ ငွေကြေးကို မရှိဆင်းရဲသား မိသားစုမှ ကလေးငယ်များကို လှူဒါန်းမည်ဟု ဆိုသည်။

 

ဆောပေါ်လိုပြည်နည်ရှိ ကမ်းခြေတစ်ခုတွင် ရေလွှာလျောစီးသည့် ကစားသမားတစ်ဦးသည်လည်း ၎င်း၏ ကျွမ်းကျင်မှုကို ပြသခဲ့သည်ဟု ဆိုသည်။

 

၎င်း၏ စွမ်းဆောင်ရည်ကိုပြသပြီး  ကုမ္ပဏီမှ ရရှိသည့်ငွေများဖြင့် ဆင်းရဲသည့် လူမှုအသိုင်းအဝိုင်းရှိ ကလေးငယ်များကို နှစ်စဉ် လှူဒါန်းခဲ့သည်ဟု ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်