ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၅ ဒသမ ၅ သန်း ကျော် ရှိလာ

၂၇ မေ

ကမ္ဘာတစ်ဝန်းအတည်ပြုထားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူအရေအတွက်မှာ ၅ ဒသမ ၅ သန်း ကျော် ရှိလာသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ်၏ သတင်းအချက်အလက်များအရ သိရသည်။

 

ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှု ဖြစ်ပွားသူပေါင်း ၅၅၄၃၄၃၉ ရှိကြောင်း ဖော်ပြထားသည်။

 

အမေရိကန်ပြည်ထောင်စုသည် ကူးစက်မှုဦးရေ ထိပ်ဆုံးတွင်ရှိပြီး ကူးစက်ခံရသူပေါင်း ၁၆၆၉၀၄၀ ရှိသည်။ဘရာဇီးနိုင်ငံတွင် ၃၇၄၈၉၈ ဦး၊ ရုရှားနိုင်ငံတွင် ၃၆၂၃၄၂ ဦး၊ ဗြိတိန်နိုင်ငံတွင် ၂၆၆၅၉၀ ဦး၊ စပိန်တွင် ၂၃၆၂၅၉ ဦး နှင့် အီတလီနိုင်ငံတွင် ၂၃၀၅၅၅ ဦးတို့ ကူးစက်ခံခဲ့ရသည်။

 

ကမ္ဘတစ်ဝန်းတွင် သေဆုံးသူဦးရေ ၃၄၇၈၃၆ ဦး ရှိသည်။

 

အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူဦးရေ ၉၈၄၂၆ ဦးရှိပြီး ဗြိတိန်နိုင်ငံတွင် ၃၇၁၃၀ ဦး၊ အီတလီနိုင်ငံတွင် ၃၂၉၅၅ ဦး၊ ပြင်သစ်နိုင်ငံတွင် ၂၈၄၆၀ ဦး၊ စပိန်နိုင်ငံတွင် ၂၇၁၁၇ ဦးနှင့် ဘရာဇီးနိုင်ငံတွင် ၂၃၄၇၃ ဦးတို့ သေဆုံးခဲ့ကြသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို