ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ်အပေါ် စိတ်ပျက်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

သြဂုတ် ၆

 

မကြာမီက ပြုလုပ်ခဲ့သည့် ကမ္ဘောဒီးယား အထွေထွေရွေးကောက်ပွဲ တရားမျှတမှုနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရော့ကိုနိုက ထုတ်ဖော်ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် ကမ္ဘောဒီးယား အာဏာရပါတီက အနိုင်ရခဲ့ပြီးနောက် ကိုနိုသည် သြဂုတ် ၄ရက်နေ့တွင် စင်္ကာပူ၌ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်းနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါရွေးကောက်ပွဲ တရားဝင်ဖြစ်မှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက သံသယဖြစ်ခဲ့ကြသည်။  ကမ္ဘောဒီးယားနိုင်ငံ၏  အကြီးမားဆုံး အတိုက်အခံပါတီမှာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။

ကမ္ဘောဒီးယားရွေးကောက်ပွဲရလဒ်မှာ စိတ်ပျက်စရာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုနိုက ပြောကြားသည်။  ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်များ၏ဆန္ဒကို ထင်ဟပ်စေရန် ဂျပန်နိုင်ငံက ပံ့ပိုးကူညီခဲ့သော်လည်း မဲအရေအတွက်အများစုမှာ ပယ်မဲများဖြစ်ခဲ့ရကြောင်း ၄င်းက ပြောကြားသည်။

အတိုက်အခံပါတီများနှင့် ဆွေးနွေးမှုများ ပြုလုပ်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းကဲ့သို့သော  နိုင်ငံရေးလုပ်ငန်းစဉ်ကို ဒီမိုကရေစီစနစ်ကျင့်သုံးမှု ဆက်လက်ပြုလုပ်ရန် ကမ္ဘောဒီးယားအစိုးရကို ၄င်းက တိုက်တွန်းခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- မေဇော်ထက်