ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းသို့ ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားခရီးသွား ၄၂၁၃၇၉ ဦး ဝင်ရောက်

မေ ၃

ကမ္ဘောဒီးယားနိုင်ငံ၏ နာမည်ကျော် အန်ကောဝပ်ဘုရားကျောင်းသို့ ယခုနှစ်ပထမလေးလအတွင်း နိုင်ငံခြားခရီးသွား ၄၂၁၃၇၉ ဦး ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလက နိုင်ငံခြားခရီးသွား ၂၉၈၉၉၈ ဦးဝင်ရောက်ခဲ့သဖြင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း နိုင်ငံပိုင်အန်ကောလုပ်ငန်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါအန်ကောဘုရားကျောင်းသို့ဝင်ရောက်လည်ပတ်ရန် လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉ သန်း ဝင်ငွေရရှိခဲ့ရာ  လွန်ခဲ့သောနှစ်အလားတူကာလအတွင်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၄ သန်းရရှိသဖြင့် လက်မှတ်ရောင်းရငွေ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင်တောင်ကိုရီးယားနိုင်ငံတို့ပြီးလျှင် တရုတ်နိုင်ငံသည် နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် ပဉ္စမနေရာတွင် ရပ်တည်နေသည်ဟု သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိပြည်နယ်အတွင်းတည်ရှိသော ၄၀၁ စတုရန်းကီလိုမီတာရှိ အန်ကောဝပ်ရှေးဟောင်းနယ်မြေသည် ၁၉၉၂ ခုနှစ်တွင် ကုလသမဂ္ဂယူနက်စကို(UNESCO)၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့ပြီး နိုင်ငံ၏အထင်ရှားကျော်ကြားဆုံး ကမ္ဘာလှည့်ခရီးသွားနေရာ တစ်ခုဖြစ်လာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို