ကွမ်းလုံ၌ ကျောင်းထိုင်ဆရာတော်အသစ် သွားရောက်ပို့ဆောင်ရာမှအပြန် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

ကွမ်းလုံ ၁  ဩဂုတ်

ကွမ်းလုံမြို့နယ်၊ ကန်မိန်းကျေးရွာ၊ ကန်မိန်းဘုန်တော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် အသစ်အား ယနေ့နံနက်ပိုင်းက သွားရောက်ပို့ဆောင်ရာ အပြန်လမ်းတွင် မွန်းလွဲ ၁ နာရီခွဲ အချိန်က ကန်မိန်း-ဟိုလီလမ်း ပန်ဟုန်းလမ်းအကွေ့၌ ဥပုသ်သည်များ စီးနင်းလိုက်ပါလာသော Light Truck ယာဉ်သည် လမ်းတစ်ဖက်‌အောက်သို့ တိမ်းမှောက်ကျသွားခဲ့‌ကြောင်း သိရသည်။

 

ယာဉ်တိမ်း‌မှောက်မှုကြောင့် ဦးခေါင်းဒဏ်ရာ(၄)ဦး၊ လက်မောင်းကျိုး(၄)ဦးနှင့် ပွန်းပဲ့ဒဏ်ရာ(၃)ဦး၊ စုစုပေါင်းဒဏ်ရာရရှိသူ(၁၁)ဦးရှိရာ စိုးရိမ်ဒဏ်ရာရရှိသူမရှိကြောင်း ကြက်ခြေနီအဖွဲ့ ဦးရဲမြတ်သူထံမှ သိရသည်။

 

အဆိုပါ ဒဏ်ရာရရှိသူများကို ကွမ်းလုံမြို့နယ် ကြက်ခြေနီအဖွဲ့များနှင့် ဒေသခံလူငယ်အဖွဲ့တို့က သွားရောက်သယ်ဆောင်လာပြီး ကွမ်းလုံပြည်သူ့ဆေးရုံ၌ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မိုင်းခိုင်ဇော်(iprd)