ကျွန်းစုမြို့နယ် ငမန်းချောင်းတောင်ကျေးရွာချောင်းအတွင်း၌ ခရီးသည်တင် စက်လှေတစ်စီး မီးလောင်းမှုဖြစ်ပွား

ကျွန်းစု  ၁၂  ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းတောင်ချောင်းအတွင်း၌ ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ယမန်နေ့မွန်းလွဲပိုင်းက ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


ကျွန်းစု မြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းတောင်ကျေးရွာနေ ဦးဌေးအောင် ပိုင်ဆိုင်သော "အောင်မြတ်မင်း" အမည်ရှိ ငမန်းချောင်းတောင်-မြိတ်ပြေးဆွဲနေသော ခရီးသည်တင် စက်လှေသည် ဇွန် ၁၁ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ၎င်းကျေးရွာချောင်းအတွင်း ဦးဟန်ဝင်းအောင်၏ နေအိမ်တံတား၌ဆိုက်ကပ်၍ ကုန်ပစ္စည်းများအား စက် လှေပေါ်သို့တင်နေစဉ် စက်လှေ၏ စက်ခန်းအတွင်းမှ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့သည်။


ယင်းစက်လှေမီးလောင်မှု ဖြစ်ပွားရာသို့ ကျွန်းစုမြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်မိုးနှင့်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၄)ဦးတို့နှင့်အတူ ရွာသူရွာသားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။


မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။

အဆိုပါ လှေမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကံမော်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


မြင့်ဦး(မြိတ်)

 

ါ၅၄မ၅