ကျွန်းစု၌ မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်

ကျွန်းစု ၁၃ ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ထူးချွန်ထက်မြတ်သော လူရည်ချွန် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်များ စိစစ်ရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ  အ-ထ-က ကျွန်းစုကျောင်းတွင် ကျင်းပပြုလုပ်သည်။

 

250289

 

လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ရာ၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု တို့ကို စစ်ဆေးခြင်းဖြစ်ပြီး အဋ္ဌမတန်း ၂၅ ဦး၊ နဝမတန်း ၁၃ ဦးနှင့် ဒသမတန်း ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

420

 

အဆိုပါ ယှဉ်ပြိုင်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ ၄၈ ဦးအနက်မှ ထူးချွန်အောင်မြင်သူ ၆ ဦးကို  ဇန်နဝါရီ ၉ ရက်နေ့တွင် မြိတ်မြို့၌ ခရိုင်အဆင့် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်မြဝင်းထံမှ သိရသည်။

 

9863

 

စည်သူရအောင်(ကျွန်းစု)