ကနေဒါနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေအား ဝင်ရောက်ခွင့် တားမြစ်ချက် သက်တမ်းတိုး

၂၁ ဇန်နဝါရီ

 

 

ကနေဒါနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် နိုင်ငံတကာ ခရီးသွားတွေအား ဝင်ရောက်ခွင့် တားမြစ်ချက်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ တိုးမြှင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

ပြီးခဲ့တဲ့နှစ် မတ်လကစပြီး နိုင်ငံတကာက ခရီးသွားတွေအား ဝင်ရောက်ခွင့်ကို တားမြစ်ခဲ့ပါတယ်။ ဝင်ရောက်ခွင့် တားမြစ်ထားပေမယ့် ၁၄ ရက် သီးသန့် စောင့်ရှောက်မှုအောက်မှာ နေထိုင်မယ့် ခရီးသွားတိုင်းအား လာရောက်ခွင့်ရှိကြောင်း သိရပါတယ်။

 

 

၂၀၂၁ ခုနှစ် ဇန်နဝါရီလကစပြီး ကနေဒါနိုင်ငံကို လာရောက်မယ့်သူတိုင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း စစ်ဆေးချက်နဲ့အတူ ၁၄ ရက် သီးသန့် နေထိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။

 

 

အိမ်နီးချင်း အမေရိကန်နိုင်ငံနဲ့ ခရီးသွားလာခွင့်ကို သီးခြားသဘောတူညီထားကြောင်း သိရပါတယ်။ နှစ်နိုင်ငံအတွင်း အရေးမကြီးတဲ့ ခရီးသွားလာခြင်းကို တားမြစ်ထားကြောင်း၊ အဲဒီ တားမြစ်ချက်ဟာလည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

 

 

ကနေဒါနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၂၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၈,၀၀၀ ကျော် ရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

MDN

ကိုးကား - AFP