ကနေဒါနိုင်ငံ၌ မွေးနေ့ပွဲပါတီတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် ကလေးသုံးဦးအပါအဝင် လေးဦး ဒဏ်ရာရ

ဇွန် ၂၁

 

ကနေဒါနိုင်ငံ၌ နေအိမ်ပြင်ပတွင်ကျင်းပသော မွေးနေ့ပွဲပါတီတစ်ခုတွင် ဇွန် ၁၉ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးသုံးဦးနှင့် လူကြီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

 

ထိုဖြစ်ရပ်သည် တိုရွန်တိုမြို့တွင် ည ၈ နာရီကဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ပါတီပွဲသည် တစ်နှစ်သားအရွယ်ယောက်ကျားလေးတစ်ဦး၏မွေးနေ့ကို ကျင်းပနေခြင်းဖြစ်သည်။

 

အသက် ငါးနှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် ၁၁ နှစ်အရွယ်ယောက်ကျားလေးတစ်ဦးတို့ဒဏ်ရာရရှိခဲ့သည်။ ကလေးတစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး အခြားတစ်ဦးမှာမူ ဒဏ်ရာပြင်းထန်စွာရရှိသည်။ တတိယမြောက်တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိသည်။

 

အသက် ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိသည်။

 

ကနေဒါနိုင်ငံသည် သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးအစီအမံများ ကန့်သတ်ထားမှုတွင် လူသိများသော နိုင်ငံဖြစ်သည်။

 

ဒေသခံမီဒီယာများသည် ထိုပစ်ခတ်မှုကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြသည်။

 

ထိုဖြစ်ရပ်သည် ယုံကြည်နိုင်စရာမရှိဟု အကြီးတန်းရဲအရာရှိတစ်ဦး၏ ပြောဆိုမှုကို ထိုမီဒီယာများက ကိုးကားဖော်ပြကြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို