ကနေဒါနိုင်ငံသားနှစ်ဦးလွတ်မြောက်ရေး အမေရိကန်ကြိုးပမ်း

ဝါရှင်တန် ၂၃  သြဂုတ်

လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ကနေဒါနိုင်ငံသား နှစ်ဦး လွတ်မြောက်ရေးကို အမေရိကန်က ဆောင်ရွက်နေကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ယမန်နေ့တွင် အော့တဝါခရီးစဉ်၌ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုကို ပြောကြားလိုက်သည်။

တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဟွာဝေးဘဏ္ဍာရေးအကြီးအကဲ မန်ဝမ်ကျို့ကို ကနေဒါ၌ ဖမ်းဆီးခဲ့သည့် ကိစ္စနှင့်ဆက်စပ်၍ ကနေဒါနိုင်ငံသား သံတမန်ဟောင်း မိုက်ကယ်ကော့ဗ်ရစ်နှင့် စီးပွားရေးလုပ်ငန်းရှင် မိုက်ကယ်စပါဘာတို့ကို သူလျှိုလုပ်သည်ဆိုကာ တရုတ် နိုင်ငံက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့်လက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပွဲတစ်ခုတွင် အမေရိ ကန်သမ္မတ ထရမ့်ကလည်း ယခုကိစ္စကို ပြန်လည်ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် မှားယွင်းဖမ်းဆီးခံရခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦး၏ လွတ်မြောက်ရေးအတွက် အမေရိကန်နိုင်ငံက အထူးတလည်ကြိုးပမ်းနေကြောင်း မိုက်ပွန်ပီအိုကလည်း ပြောကြားသည်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူး ဒိုက အမေရိကန်၏ကြိုးပမ်းမှုကို အသိအမှတ်ပြုကြောင်းနှင့် ရှေ့ဆက် မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်က အီရန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖောက်ဖျက်မှုဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာလက ကနေဒါနိုင်ငံ ဗန်ကူးပါးမြို့တွင် မန်ဝမ်ကျို့ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အေအက်ဖ်ပီ