ကနေဒါနိုင်ငံတွင် ပစ်ခတ်မှုကြောင့် ၁၆ ဦး သေဆုံး

၂၀ ဧပြီ

ကနေဒါနိုင်ငံအရှေ့ပိုင်းတွင် လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်။

 

အဆိုပါ သေနတ်သမားသည် စနေနေ့နှင့် တနင်္ဂနွေညများတွင် နိုဗာစကိုတီပြည်နယ်အနှံအပြားတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

၎င်းသည် ရဲကားကားကို မောင်းနှင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ သေနတ်သမားသည် အသက် ၅၁ နှစ်အရွယ်ရှိ နိုဗာစကိုတီဒေသတွင် နေထိုင်သူ တစ်ဉီးဖြစ်သည်ဟု ဆိုသည်။

 

တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ဆီဆိုင်အနီးတွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန် တိုက်ခတ်မှုဖြစ်ပွားချိန်တွင် အဆိုပါ သေနတ်သမားမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ရဲတပ်ဖွဲ့ကမူ နောက်ထပ် သေဆုံးသူများ ရှိမရှိကို ကြိုးစားရှာဖွေလျက်ရှိသည်။

 

အဆိုပါ သေနတ်သမားမှာ သွားတုဆေးခန်း ဖွင့်လှစ်ထားသူဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားခဲ့သည်။

 

သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒေါက စနေနေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

ကနေဒါနိုင်ငံတွင် အဆိုပါ ပစ်ခတ်မှုမျိုးမှာ အတော်ရှားပါးသည်။

 

ကနေဒါနိုင်ငံတွင် လက်နက်ကိုင်ဆောင်ခြင်းကို ထိန်းချုပ်သည့် ဉပဒေများလည်း ထုတ်ပြန်ထားသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်