ကင်ဆာရောဂါနှင့် သက်ကြီးဘိုးဘွား

နေပြည်တော် ၃ မေ

အသက်ကြီးလာသောအခါ ကင်ဆာဖြစ်စေသော မျိုးဗီဇများ ထကြွလာခြင်းကြောင့်လည်းကောင်း၊ ကင်ဆာ မဖြစ်စေသော မျိုးဗီဇများအားနည်းလာခြင်းကြောင့်လည်းကောင်း၊ မိမိသက်တမ်းတလျှောက် ကြုံတွေ့၊ သုံးစွဲခဲ့သော ကင်ဆာဖြစ်စေသည့် အကြောင်းအရာများကြောင့်သော်လည်းကောင်း ကင်ဆာပိုမိုဖြစ်လာနိုင်ပါသည်။ အသက် (၇၅) နှစ် အရွယ်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုသည် အသက်(၂၅) နှစ်အရွယ်ထက်စာလျှင် အဆ(၁၀ဝ) ဖြစ်ပွားနိုင်နှုန်းရှိပါသည်။

ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ

အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် ကွမ်းဖြတ်ခြင်း

ကွမ်းမစားခြင်း

အသီးအရွက်များ များများစားခြင်း

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း

သင့်တင့်လျောက်ပတ်၍ ဘေးမဖြစ်စေသော အစားအစာစားသုံးခြင်းတို့ ပြုလုပ်ရပါမည်။

နှလုံးရောဂါနှင့် သက်ကြီးဘိုးဘွား

ရင်ဘတ်အောင့်ခြင်း၊ ရင်တွင်းလေးလံလာခြင်း၊ အသက်ရှုမဝခြင်း၊ ဘယ်ဘက်လက်မောင်း အောင့်လာခြင်း၊ ကျဉ်လာခြင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက်တွင် ကျဉ်လာခြင်းတို့သည် နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာများဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ

ဆေးလိပ်/ ဆေးရွက်ကြီးကို မသောက်ပါနှင့်၊ မစားပါနှင့်။

ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ခံစားနေရပါက စနစ်တကျ ဆေးဝါးကုသမှုခံယူပါ။

အဆီများလွန်းသောအစာ၊ အငန်များလွန်းသောအစာများနှင့် အချိုများစွာစားသုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

ဘာသာတရားကို ကျင့်ကြံအားထုတ်ပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN