ဧပြီ ၂၉
ကင်ညာနိုင်ငံတစ်ဝန်းတွင်မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်း မြို့တော်နိုင်ရိုဘီရှိ ဆည်တစ်ခုကျိုးပေါက်ခဲ့ရာ လူ ၄၀ ထက်မနည်းသေဆုံးပြီး အခြားအများအပြားပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင်ပြောကြားသည်။ မြို့တော်နိုင်ရိုဘီ၏မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေစဉ် ရုပ်အလောင်း ၄၀ ကိုရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ လူပေါင်း ၄၀ ၏ရုပ်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကားများလည်းနစ်မြုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို