ကွန်ဟိန်းမြို့၌ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်း

ကွန်ဟိန်း ၁၇ နိုဝင်ဘာ

 

နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့ ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

 

171119

 

အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းအကြောင်းအား အသိပေးရှင်းလင်းပြောကြားသည်။

 

ထို့နောက် အခြေခံကျန်းမာဦးစီးအရာရှိ ဒေါက်တာရဲခေါင်ထက်က ဝက်သက်-ဂျိုက်သိုး ရောဂါအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ကွန်ဟိန်းမြို့၌ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)