ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှု ၂၁ ရက် ပြည့်ပြီးသူ ၁၂ ဦးအား ကျန်းမာရေးထောက်ခံချက်ဖြင့်  နေအိမ်ပြန်ခွင့်ပြု

ဆီဆိုင် ၂၇   ဇွန်          

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ထိုင်းနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများအား ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိရာ ဇွန် ၂၇ ရက် နံနက် ၈ နာရီက ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုမှု ၂၁ ရက်ပြည့်ပြီးသော နေရပ်ပြန်ပြည်သူ ၁၂ ဦးအား ကျန်းမာရေးထောက်ခံချက်ဖြင့် နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။        

 

ဆီဆိုင်မြို့၌ ဖွင့်လှစ်ထားရှိသော ကျန်းမာရေးစင်တာ စခန်းအဖြစ် ဆီဆိုင်မြို့နယ်၊ မြကန်သာ ရပ်ကွက်အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ်ဓမ္မာရုံ၌ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၂ ဦးတို့အား စောင့်ကြည့်ကာလ ၂၁ ရက်ပြည့်ပြီဖြစ်၍ ကျန်းမာရေးထောက်ခံချက်ဖြင့် ပြန်ခွင့်ပြုခဲ့ကြောင်းနှင့် Home Quarantine တစ်ပတ်ဆက်လက်နေသွားရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Quarantine Center တွင် နေရပ်ပြန်ပြည်သူ စုစုပေါင်း ၁၃ ဦးကို ကျန်ရှိနေသေးကြောင်း သိရသည်။

             

ခွန်ရဲထွေး(ဆီဆိုင်)