ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ (COVID-19) Test Kits နှင့် VTM များ ပေးအပ်လှူဒါန်း

ရန်ကုန်  ၉ မေ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ (COVID-19) Test Kits နှင့် Viral Transport Medium (VTM) များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး လီဆန်ဟွာနှင့် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့က အမှာစကားပြောကြားပြီး Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ တာဝန်ရှိသူများက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ Kookmin Bank နှင့် BOC’s partner, SK Energy and Sk Trading International တို့မှ တာဝန်ရှိသူများက  (COVID-19) Test Kits နှင့် VTM များ ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ (COVID-19) Test Kits နှင့် Viral Transport Medium (VTM) များ ပေးအပ်လှူဒါန်းရာတွင် Kookmin Bankမှ အမေရိကန်ဒေါ်လာ တစ်သိန်းနှင့်ညီမျှသော (COVID-19) Test Kits ၃၀၀၀နှင့် Viral Transport Medium (VTM) ၃၀၀၀ ကိုလည်းကောင်း၊ SK Energy and Sk Trading Internationalမှ အမေရိကန်ဒေါ်လာ (၄၈၀၀၀)နှင့် ညီမျှသော (COVID-19) Test Kits ၄၀၀၀ ကိုလည်းကောင်း အသီးသီး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)