ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်း

mdn

နေပြည်တော် စက်တင်ဘာ ၂၈

ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Central Command Center ၌ ကျင်းပ သည်။
    
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ Myanmar Quarry-Infrastructure Development Public Company Limited နှင့် Novel Shinning Star Company Limited တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
    
ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြု ရန် Myanmar Quarry-Infrastructure Development Public Company Limited မှ Oxygen Concentrator (10 L) အလုံး(၁၀၀) ၊ Novel Shinning Star Company Limited မှ PPE (Level-3) ဝတ်စုံ(၂၀၀) ၊ Pulse Oximeter အလုံး(၁၀၀) နှင့် Oxygen Concentrator (၅) လုံးကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)