ကျန်းမာရေးဝန်ထမ်းတွေအတွက် နေ့လယ်စာ လှူဒါန်းခဲ့တဲ့ ဂျိုဂျိုးနက်စ်နဲ့ ဆိုဖီယာတာနာ

၂၂  ဧပြီ

ဟောလိဝုဒ်ကြယ်ပွင့် စုံတွဲတစ်တွဲဖြစ်တဲ့ ဂျိုဂျိုးနက်စ်နဲ့ ဆိုဖီယာတာနာတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း တိုက်ဖျက်ရေးလုပ်ငန်းတွေကို ရှေ့တန်းကနေ လုပ်ဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လတ်တလောမှာ နေ့လယ်စာ လှူဒါန်းခဲ့ကြောင်း ဟာပါဘဇာဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဂျိုဂျိုးနက်စ်နဲ့ ဆိုဖီယာတာနာတို့ဟာ ဟောလိဝုဒ်အရှေ့ပိုင်း ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေအတွက် နေ့လယ်စာကို ဝန်ထမ်း ၁၀၀ အတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလှူဒါန်းမှုတွေကို Fueling the Fearless အဖွဲ့နဲ့ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီအကြောင်းကို အဆိုပါအဖွဲ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း ဟောလိဝုဒ်ကြယ်ပွင့်တွေဟာ ဗိုင်းရပ်စ် ထိန်းချုပ်၊ ကာကွယ်၊ တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။ ဒီအထဲမှာ ဂျိုဂျိုးနက်စ်နဲ့ ဆိုဖီယာတာနာတို့ဟာ နောက်ဆုံးလှူဒါန်းခဲ့ကြတဲ့ ကြယ်ပွင့်တွေ ဖြစ်ကြကြောင်းလည်း သိရပါတယ်။

အေးပြည့်