ကံမမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး 

ကံမ   ဇွန်   ၃

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   အခြေခံ ပညာကျောင်းများတွင် ဇွန် ၂ ရက်နေ့ နံနက်မှ စတင်၍ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံပေးသည့် နေရာများသို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့သည်။               

                    

ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယနေ့နံနက်က အမှတ်(၂)ရပ်ကွက်၊ မြို့မ အခြေခံပညာမူလတန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဌာနနှင့်သက်ဆိုင်ရာ       ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ် ၁၉-ရောဂါ ကင်းဝေးစေရန်အတွက်   မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 

ကျော်ဇေယျဝင်း(ကံမ)