ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေမြင့်တက်ပြီး သီးနှံစိုက်ခင်း ၂၆၆၂ ဧက ရေနစ်မြုပ်ပျက်စီး

 

ကံမ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီးကံမမြို့နယ်တွင် သြဂုတ် ၇ ရက်က အဆက်မပြတ် မိုးရွာသွန်းသဖြင့် မင်းတုန်းချောင်း ရေမြင့်တက်ပြီး ချောင်းဘေးဝဲယာတစ်လျှောက် မြေနုကိုင်းမြေများပေါ်တွင် စိုက်ပျိုးထားသည့် ကျေးရွာအုပ်စု ၁၄ အုပ်စုမှ သီးနှံစိုက်ခင်း ၂၆၆၂ ဧက ရေဝင်နစ်မြုပ် ပျက်စီးခဲ့သည်။

အဆိုပါ ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးသည့် စိုက်ခင်းများမှာ စပါး ၇၂ ဧက၊ နှမ်း ၁၀၃၅ ဧက၊ ပဲတီစိမ်း ၁၄၁၁ ဧကနှင့် မြေပဲ ၁၄၄ ဧက စုစုပေါင်း ၂၆၆၂ ဧက ပျက်စီးဆုံးရှုံးကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)