KNOWLEDGE FESTIVAL 2018 TU (KSE) အသိပညာဖလှယ်ပွဲကျင်းပ

ကျောက်ဆည် ၁၁ သြဂုတ်  
 
 
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နည်းပညာတက္ကသိုလ်၌ KNOWLEDGE FESTIVAL 2018 TU (Kse)အသိပညာဖလှယ်ပွဲဖွင့်ပွဲအခမ်းအနားကိုသြဂုတ် (၁၁) ရက် နံနက်က ကျင်းပပြုလုပ် ရာနည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်ဝင်းမော်နှင့်ဧည့်သည်တော် (၂) ဦး တို့မှဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မိုးဇော်ဆင်အကဖြင့်ဧည့်ခံဖျော်ဖြေပေးသည်။
 
ထို့နောက် နည်းပညာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်ဝင်းမော်မှ အဖွင့်အမှာစကားပြောကြားပြီး Youth Engineering Network(YEN) အသင်း၏ ကိုယ်စားကျောင်းသားတစ်ဦးမှကျေးဇူးတင်စကားပြာကြားခဲ့သည်။ ဆက်လက်၍ Discussion and Work Shop Time အစီအစဉ်ကို ဆက်လက်ကျင်းပရာ နည်းပညာတက္ကသိုလ်ရှိအခန်း(၁)တွင် ယဉ်ကျေးမှုအဟောင်းအသစ်ခေါင်းစဉ်ဖြင့် ဆရာဆူးငှက်ကလည်းကောင်း၊ အခန်း(၂)တွင်(Soft Skills 40) ခေါင်းစဉ်ဖြင့်ဆရာကောင်းလွန်းကလည်းကောင်း၊ အခန်း(၃)တွင်ကျောက် ဆည်လွင်ပြင်မှရှေးဟောင်းအမွေအနှစ်များခေါင်းစဉ်ဖြင့် တမ္ပဝတီဦးဝင်းမောင်က လည်းကောင်း၊အခန်း(၄)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် နည်းပညာကဏ္ဍခေါင်းစဉ်ဖြင့်  ဒေါက်တာသက်နိုင်ဦးကလည်းကောင်း၊ အခန်း(၅)တွင် (Understanding the Concept of  Sustainable Dev elopment  in Knowledge Crisis) ခေါင်းစဉ်ဖြင့် ဒေါက်တာနေအောင်ကလည်းကောင်း၊နေ့လည်ပိုင်းတွင် Gender Baset Vidence ခေါင်းစဉ်ဖြင့် ဆရာမဖြူဖြူချောကလည်းကောင်း၊ လုပ်ငန်းခွင့်စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်ဆရာအောင်ကျော် ဟိန်းကလည်းကောင်း၊Opport unites Beyontthe Boundaries of Classrooms ဆရာမ ဇာတိနွယ်နုအောင်က လည်း ကောင်း၊Using Emotioal Intelligence ခေါင်းစဉ်ဖြင့်ဆရာဇင်ကိုကိုနှင့်လူငယ်နှင့်နည်းပညာအခွင့်အလမ်းခေါင်း စဉ်ဖြင့်ဆရာဇော်ထက်အောင်တို့မှအသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။
 
အဆိုပါအသိပညာဖလှယ်ပွဲကို ညနေ(၄)နာရီအထိကျင်းပပြုလုပ်မည်ဖြစ်ပြီး အ.ထ.က(၃)ကျောင်း မှကျောင်းသား/သူများ၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှကျောင်းသား/သူများ၊သပြေရိုးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှကျောင်းသား/သူများတက်ရောက်ခဲ့ကြရာအသိ ပညာများမျှဝေရရှိသည့်အတွက်ကျောင်းသား/သူများမှဝမ်းသာပျော်ရွှင်လျှက်ရှိကြောင်းသိရသည်။
 
ခရိုင်ပြန်/ဆက်