ကန်ပိုက်တီမြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်လျက်ရှိ

ကန်ပိုက်တီ  ၁  အောက်တိုဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ပေါ်ရှိ ရပ်ကွက် (၁)၊ (၂)၊ (၃)တို့တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၉ ရက်မှစ၍ စုပေါင်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တောင်ဇင်အောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲစက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။ 

 

ကိုဇေ(ပြန်/ဆက်)