ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာ

 

ဘားအား မတ် ၈

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ ပူပေါင်း၍ မတ် ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက လူငယ်နှင့် မျိုးဆက်ပွားကျန်းမာရေးလှုပ်ရှားမှုအခမ်းအနားကိုကျင်းပခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ကို ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်အဖြစ် ကြေညာခဲ့သည်။

ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားပြီး ကွန်းပျူတာတက္ကသိုည်(ဘားအံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမင်းနိုင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှူး ဒေါက်တာကျော်စွာမြင့်က အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ကချင်ပြည်နယ်ဘားအံမြို့နယ်အတွင်း စတုတ္ထမြောက် ဆေးလိပ်ငွေ့ကင်းစင်သည့်ဧရိယာဖြစ်ပြီး ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးကောလိပ်၊ နည်းပညာတက္ကသိုလ် (ဘားအံ)တို့သည်လည်း ဆေးလိပ်ငွေ့ကင်းစင်ဧရိယာအဖြစ်သတ်မှတ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)