ကရာတေးနည်းပြနှင့် ဒိုင်သင်တန်း ဖွင့်လှစ်သင်ကြားပေးမည်

ရန်ကုန် ၆ ဖေဖေါ်ဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကရာတေးနည်းပြသင်တန်း (Coach Accreditation)နှင့် မျိုးဆက်သစ်နှင့် အဆင့်တိုး ဒိုင်သင်တန်း (Referee Upgrading) သင်တန်းများကို ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်ရှိ ကရာတေး လေ့ကျင့်ရေးခန်းမ၌ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်အတွင်း ကျင်းပမည့် ကရာတေးပြိုင်ပွဲများတွင် နည်းပြနှင့် ဒိုင်များအဖြစ် တာဝန်ထမ်းဆောင်မည့် သူများသည် MKF 2nd DAN Level ကို တက်ရောက်ဖြေဆို အောင်မြင်ရမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကလပ်အသင်းများ အသီးသီးမှ သင်တန်းတက်ရောက်မည့် သူများသည် ဖေဖော်ဝါရီ ၁၅ ရက်အထိ စာရင်းပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကရာတေးနည်းပြနှင့် ဒိုင်သင်တန်းများကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ အောင်ဆန်းအားကစားပြိုင်ဝင်း မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ် လေ့ကျင့်ရေးခန်မ၌ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး ဇူလိုင်လတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကရာတေးပြိုင်ပွဲတွင် နည်းပြနှင့် ဒိုင်များအဖြစ် တာဝန်ထမ်းဆောင်မည့် နည်းပြ၊ ဒိုင်တစ်ဦးစီကို အဖွဲ့ချုပ်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဖုန်း ဝ၁-၃၇၉၉၃၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အေကေလင်း