ကရင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရိုးရာစာပေယဉ်ကျေးမှုပွဲတော် စာတမ်းဖတ်ပွဲကျင်းပ

ဘားအံ  ၁၁ ဖေဖေါ်ဝါရီ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရိုးရာ စာပေယဉ်ကျေးမှုပွဲတော်ကိုကျင်းပလျှက်ရှိရာ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စာတမ်းဖတ်ပွဲကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comminuty Centre လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

 

 

စာတမ်းဖတ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက အဖွင့် အမှာစကားပြောကြားပြီး ကရင်၊ မွန်၊ ဗမာ၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားတို့က မိမိတို့၏ ရိုးရာစာပေယဉ်ကျေးမှု နှင့်သက်ဆိုင်သည့်စာတမ်းများအား ဖတ်ကြားတင်ပြကြသည်။ စာတမ်းဖတ်ပွဲတွင် ဗမာတိုင်းရင်းသားများရေးသားပြုစု သည့်စာတမ်း နှစ်စောင်၊ ကရင်တိုင်းရင်းသားများရေးသားပြုစုသည့် စာတမ်းသုံးစောင်၊ မွန်တိုင်းရင်းသားများရေးသား ပြုစုသည့် စာတမ်းတစ်စောင်၊ ပအိုဝ်းတိုင်းရင်းသားများရေးသားပြုစုသည့် စာတမ်းသုံးစောင်၊ ရှမ်းတိုင်းရင်းသားများ ရေးသားပြုစုသည့်စာတမ်းတစ်စောင်တို့အား အသီးသီးဖတ်ကြားတင်ပြကြရာ တက်ရောက်လာသူများက ဖတ်ကြား သည့်စာတမ်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စာတမ်းဖတ်ကြားသူ စာတမ်းရှင်များအား ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

 

အဆိုပါစာတမ်းဖတ်ပွဲသို့ကရင်ပြည်နယ်အစိုးရအဖွဲ့၊မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရားအကြီးအကဲများ၊  ကရင်၊မွန်၊ ဗမာ၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊  သမိုင်းနှင့်စာပေဝါသနာရှင်များ၊ စိတ်ပါဝင်စားသူ ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

(MDN)