ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာ စာပေ ယဉ်ကျေးမှုပွဲတော် ကျင်းပမည်

ဘားအံ ၈ ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကရင်ပြည်နယ် တိုင်းရင်းသားများ ရိုးရာစာပေ ယဉ်ကျေးမှုပွဲတော်ကို ဘားအံမြို့ သီရိကွင်း၌ ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ ပွဲတော်တွင် ရိုးရာဖျော်ဖြေရေး အစီအစဉ်များ၊ ခေတ်ပေါ်စင်တင် တေးဂီတများ၊ စာပေ၊ စာတမ်းဖတ်ပွဲများ၊ ရိုးရာ အစားအသောက်များနှင့် ရိုးရာ အသုံးအဆောင်များကို တင်ဆက်ပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

MDN