ကရင်ပြည်နယ်အကျဉ်းထောင်မှ အကျဉ်းသားတစ်ဦး တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်

ဘားအံ ၂ ဇွန်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည်နယ်တွင် အောင်ချက်ရာခိုင်နှုန်း ဒသမ ဝ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး ထူးခြားမှုအနေဖြင့် အကျဉ်းထောင်တွင် အကျဉ်းကျနေသူများမှ စာမေးပွဲဖြေဆိုသူ အမျိုးသား ၇ ဦးအနက် တစ်ဦးမှာ ဘောဂဗေဒဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ ရွှေ့ပြောင်းမြန်မာကျောင်းသား/ကျောင်းသူ(၁၁၇)ဦး အောင်မြင်သူ(၂၅)ဦး တစ်ဦးဂုဏ်ထူးနဲ့ ဖြေဆိုနိုင်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးစိုးမြင့်ထံမှ သိရသည်။

ကရင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာရ ဖြေဆိုသူပေါင်း(၁၇၅၉၃)ဦး၊ အောင်မြင်သူ(၅၁၈၂)ဦး အောင်ချက် ရာခိုင် နှုန်း(၂၉.၄၅)၊ တစ်ဘာသာဂုဏ်ထူး(၁၁၇၁)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၁၃၀)ဦး၊ သုံးဘာသာဂုဏ်ထူး (၆၀ ဦး၊ လေးဘာသာဂုဏ်ထူး(၂၄)ဦး၊ငါးဘာသာဂုဏ်ထူး(၉)ဦး၊ ဂုဏ်ထူးရရှိသူဦးရေ စုစုပေါင်း(၁၃၉၄)ဦး ရှိပြီး အောင်ချက် ရာခိုင်းနှုန်း၂၀၁၇ခုနှစ်ပညာသင်နှစ်အောက် (.ဝ၂)ရခိုင်နှုန်းလျော့ကြောင်းနှင့် သိရသည်။

ဘားအံမြို့ နယ်တွင် ဖြေဆိုသူစုစုပေါင်း (၇၄၁၂)ဦးအနက်(၂၃၃၄)ဦး အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူး(၅၀၅)ဦး၊ နှစ်ဘာသာဂုဏ်ထူး(၄၆)ဦး၊ သုံးဘာသာဂုဏ်ထူး(၁၃)ဦး၊ လေးဘာသာဂုဏ်ထူး(၁၂)ဦး၊ ငါးဘာသာဂုဏ်ထူး(၅)ဦး၊ ဂုဏ်ထူးရရှိသူဦးရေ စုစုပေါင်း(၅၈၁)ဦး နှင့် အောင်ချက်ရာခိုင်နှုန်း(၃၁.၄၉) ရှိကြောင်းသိရသည်။

ကရင်ပြည်နယ်အနေဖြင့် ယခင်နှစ်(၂၀၁၇)အောင်ချက်ရာခိုင်နှုန်း(၂၉.၄၇)ရရှိပြီး ယခုနှစ်(၂၀၁၈)တွင် အောင်ချက်ရာခိုင်နှုန်း(၂၉.၄၅)ရရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း .ဝ၂ လျှော့နည်းသော်လည် ယခင်နှစ် ဂုဏ်ထူးရရှိသူပေါင်း (၁၀၃၁) ဦးဖြစ်ပြီး ယခုနှစ်(၂၀၁၈) ဂုဏ်ထူးရရှိသူပေါင်း (၁၃၉၄)ဦး ဖြစ်သည့်အတွက် ဂုဏ်ထူးရရှိသူပေါင်း(၃၆၁) ဦး တိုးတက်ရရှိပြီး ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျနေသူ ဖြေဆိုသူဦးရေ(၇)ဦးအနက် တစ်ဦး ဘောဂဗေဒဘာသာဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)