ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကျင်းပ

ဘားအံ   အောက်တိုဘာ   ၂၇

 

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက လှာကမြင်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

 

ပြို်င်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်း၊ အမျိုးသား အမျိုးသမီး အားကစားသမား ၁၄၀ တို့က အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ် လက်ရွေးစင် ဘော်လီဘောအသင်းနှင့် ကော့ကရိတ်မြို့နယ် လက်ရွေးစင် ဘော်လီဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ် လက်ရွေးစင် ဘော်လီဘောအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)