ကရသူရိမြို့၊ ချောင်းရှစ်ဖျာ ဆီအုန်းဝန်းအနီး၌ မီးဖိုအတွင်းရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ကရသူရိ ၁၂  ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျောက်ထနောင်းကျေးရွာ၊ ချောင်းရှစ်ဖျာ ဆီအုန်းဝန်းအနီး၌ ယနေ့ ညနေ ၃ နာရီခန့်က မီးဖိုအတွင်းရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် နေအိမ် တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

ဦးဝင်းဇော် (ဘ) ဦးထွေးငယ် တောထဲသို့ ငရုတ်ပင်စိုက်ပျိုးရန် သွားရောက်နေစဉ် ၎င်းအိမ်၏ မီးဖိုအတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် ကြမ်းခင်းအား ကူးစက်လောင်ကျွမ်းခဲ့ရာ ထန်းလက်မိုး၊   ဝါးထရံ၊ ဝါးကြမ်းခင်း၊ မြေစိုက်  နေအိမ်တဲတစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါမီးလောင်မှု ဖြစ်ပွားရာသို့ ကရသူရိမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်အောင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြီးတန်းစာရေး ဦးမင်းဦးနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့သည် မီးသတ်ယာဉ် တစ်စီးနှင့်အတူ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၃ နာရီ (၄၅) မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)