ကသာ စက်တင်ဘာ ၂၅ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင

ကသာ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ကသာမြို့တော်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ရသည့် အချိန်ကာလအတွင်း၌ ကသာခရိုင်အတွင်းရှိ ပြည်သူများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို သိရှိနိုင်ရန်၊ လုပ်ငန်းလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် ဒေသအတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကသာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ယခုလို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအနေဖြင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြရာတွင် မြေပြင်ရှိ အခက်အခဲများနှင့် ဆောင်ရွက်မှုအခြေအနေများကို အရှိတိုင်း တင်ပြစေလိုကြောင်း စသည့်လုပ်ငန်း ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကသာခရိုင်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကသာခရိုင်အတွင်း ဌာနအလိုက် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း လိုအပ်ချက်များ စသည့်လုပ်ငန်းအကြောင်းအရာများကို တင်ပြကြပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ငွေကျပ်(၁၀)သိန်း၊ အောက်ဆီဂျင်အိုးများ၊ Concentrator များ၊ PPE ဝတ်စုံများ၊ အားကစားပစ္စည်းများနှင့် အစားအသောက်ပစ္စည်းများကို တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ သည်။

 

ယင်းနောက် ဝန်ကြီးချုပ်က ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဒေသအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြမှုအပေါ် ပြန်လည်သုံးသပ်ရှင်းလင်းခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲအခမ်းအနားသို့ ကသာခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)