ကသာမြို့၌ သုံးဘီးမော်တော်ဆိုင်ကယ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကသာ ၁၈  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်း ကြည်လင် သောက်ရေသန့်လုပ်ငန်း အိမ်ရှေ့တွင်ရပ်ထားသော သုံးဘီးမော်တော်ဆိုင်ကယ် တစ်စီး ယမန်နေ့ည ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

 

၂

 

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးသူ ဦးဆောင်၍ သန္ဓေ ၁၅ ဦးက မီးငြိမ်းသတ်ယာဉ် (၃) စီး တို့ဖြင့် ပတ်ဝန်းကျင်မှ ပြည်သူများနှင့်အတူ  ငြှိမ်းသတ်ခဲ့သည်။

 

မီးလောင်မှုကြောင့်  ကြည်လင်သောက်ရေသန့်လုပ်ငန်းသုံး Lifan အမျိုးအစား အဝါရောင် သုံးဘီးမော်တော် ဆိုင်ကယ်ကယ် အင်ဂျင်ခေါင်းပိုင်းမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကသာမြို့မ ရဲစခန်း မှ အမှုဖွင့် လိုက်လံစုံစမ်းအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ဟန်မျိုးကျော်(ကသာ)