ကသာမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ကသာ  ၉   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် မေလ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦများ ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါ ပျက်စီးဆုံးရှုံးများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကသာ ခရိုင်ဦးစီးမှူးရုံးမှ မေလ(၈)ရက်နေ့၊ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

321

 

ထိုသို့ပေးအပ်ရာတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးအတွက် ထောက်ပံ့ငွေကျပ် ၉၃၉၅၀ဝ၀ ကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ကသာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အမိုးလန်(၁၉၉)လုံး၊ ပြိုလဲနေအိမ်(၃)လုံး နှင့် ဘာသာရေး အဆောက်အဦ အမိုးလန်(၅)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ရပ်ကွက်နှင့် ကျေးရွာများရှိ လေဘေးသင့်ပြည်သူများသို့ အဆိုပါ ထောက်ပံ့ငွေများအား ၎င်းတို့၏ နေအိမ်သို့ သွားရောက်ပြီး ဆက်လက်ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

 

0037

 

ထို့အပြင် အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်   ကသာခရိုင်တွင် လူနေအိမ် အမိုးလန် (၃၂၄)လုံး၊ ပြိုလဲ နေအိမ် (၆)လုံးနှင့် ဘာသာရေးအဆောက် အဦအမိုးလန်(၈)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန ကသာခရိုင်ရုံးအနေဖြင့် ခရိုင်အတွင်းရှိ ကျန်ရှိနေသော မြို့နယ်များမှ လေဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 ရဲအောင်(ကသာ)