ကွတ်ခိုင်နှင့် ကော့သောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄  နိုဝင်ဘာ

 

 

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီက ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီး၊ ကွတ်ခိုင်-ကောင်းခါးကားလမ်း တွင် ရှီလောက်ပေါင်း မောင်းနှင်ပြီး မလျှိုရှောက်လင့် လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့် ရှာဖွေရာ ဘိန်းဖြူ ၂၅၃ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၀ဝ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 

 

အလားတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီက မာရမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာအုပ်စု၊ အေးချမ်းသာကျေးရွာနေ အောင်မြင့်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ထူးဝေယံ(ခ)ထူးထူး၊ စိုးသူအောင် တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၈၈ ပြား၊ အိုက်စ် သုည ဒသမ ဝ၀ဝ၁ ကီလို၊ ဘိန်းစာရွက် ၇ ကီလို၊ ပွိုင့် ၃၈ ခြောက်လုံးပြူး ၁ လက်၊ ၎င်းကျည် ၁ တောင့်၊ လုပ်သေနတ် ၁ လက်၊ တူမီး ၂ လက်၊ ယမ်းဗူး ၁ ဗူး၊ ယမ်းကတ် ၄ ခုနှင့် ထိုင်းနိုင်ငံသုံးငွေ ဘတ် ၅,၁၀ဝ တို့ကိုလည်းကောင်း၊

 

 

အလားတူ မူးယစ်တပ်ဖွဲ့စု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြေနီလမ်းနေ မဉ္ဇူစိုးမင်း(ခ) ဇူးဇူး၏နေအိမ်ခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၈၀ နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ၎င်းနေရာသို့ရောက်ရှိလာသည့် ဇော်ထွန်းအောင်ထံမှ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ဇော်ထွန်းအောင် နေထိုင်သည့်အခန်းကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅ ပြားတို့ကိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

 

MDN